နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ်သင်တန်း၊ အမှတ်စဉ် (၃၃/၂၀၁၇)၊ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ပါသည်။

၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟို အဖွဲ့ဝင် ဆရာတော်မှ သြ၀ါဒစကား မိန့်ကြားတော်မူပါသည်။
၃။ သင်တန်းကျောင်းအုပ်ကြီး၊ ဆရာမကြီး ဒေါ်ခင်လင်းမှ သင်တန်းတစ်ခုလုံးကို ခြုံငုံ သုံးသပ် လျှောက်ထားပါသည်။
၎။ သင်တန်းသား/သူများကိုယ်စား သင်တန်းသူ ဒေါ်ချောစုလှိုင် က ကျေးဇူးတင်စကား လျှောက်ထားပါသည်။
၅။ သင်တန်းသူ/သားများကို သင်တန်းဆင်းလက်မှတ်များ အပ်နှင်းပြီး အလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပါသည်။
ဆွမ်းအလှူရှင် အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပါသည်။
၆။ အမှတ်စဉ် (၃၃/၂၀၁၇) သင်တန်းသူ/သားများက ဓမ္မကျောင်းတော် ကော်မတီအတွက် အပ်စပ်သော န၀ကမ္မ၀တ္တုငွေ စုပေါင်းလှူဒါန်း ကြပါ သည်။
၇။ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃) ကြိမ် ရွတ်ဆို ပူဇော်၍ အခမ်းအနားကို ရုတ်သိမ်းပါသည်။
31 total views, 1 views today