မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးပွဲကို ဇွန်လ(၂၂) ရက်နေ့က  ပြင်ဦးလွင်မြို့ အပ္ပမာဒ တောစခန်းရိပ်သာ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးပွဲသို့ ဒေါက်တာအရှင်သောပါက၊  သစ္စဝေဒဂူ ဆရာတော်(မန ္တလေးမြို့)၊ ရန်ကင်းတောရဆရာတော်  (နေပြည်တော်)၊   ဦးဝိဇယာလင်္ကာရ  (ဓမ္မရံသီ)နှင့်    စာရေးဆရာ ဦးအောင်ကျော်ဆန်း၊   ဗိုလ်ကြီးလှမျိုး  (ဓမ္မရောင်ခြည်)၊   ဓမ္မကျောင်းတော်  နည်းပြဆရာဖြစ်သင်တန်း   ကျောင်းအုပ်ကြီး ဦးမြင့်ဦးနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့နှင့် ယဉ်ကျေးလိမ္မာစင်တာ   အတွက် ဖွဲ့စည်းပုံ(မူကြမ်း) ကို  အကြိုညိုနှိုင်း   စဉ်းစားဆုံးဖြတ်ကြ၍ လိုအပ် သည်များကို ပြုပြင်ကြပါသည်။ဤအဖွဲ့မှ  Online မှ ပညာသင်ကြားလိုသူများ အလွယ်တကူ   လေ့လာ  နိုင်ရန်အတွက်  အင်တာနက်ကို  ကျယ်ကျယ်ပြန့်ပြန့်  အသုံးပြု သွားရန်  ဆုံးဖြတ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ  ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့သည်  နိုင်ငံအနှံ့အပြားတွင် ဖွင့်လှစ်သင်ကြားလျှက်ရှိ သော    ယဉ်ကျေးလိမ္မာသင်တန်းများ  ရေရှည်တည်တံ့ရးအတွက်  ကြိုပမ်း ဆာင်ရွက်  သွားရန်အတွက်လည်းကောင်း၊  ယဉ်ကျေးလိမ္မာ သင်တန်းကျောင်း အသီးသီးမှ ဆရာ၊ဆရာမ များအား   အရည်အချင်းပြည့်မှီသည့်   ဆရာဆရာမများ   ဖြစ်စေရန်အတွက်လည်းကောင်း   ဆောင်ရွက် ကြမည်ဖြစ်ပါသည်။

 436 total views,  7 views today

By admin

Leave a Reply

Your email address will not be published.