မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၅/၂၀၁၅) သင်တန်းဆင်းပွဲကို ဇူလိုင်လ (၁၂)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီတွင် သင်တန်း ခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပဓာနနာယကဆရာတော်ကြီးများနှင့် သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပဓာနနာယက ဆရာတော်ကြီးမှ သင်တန်းဆင်း သြဝါဒစကား မိန့်ကြားတော်မူပြီး ဗဟိုအဖွဲ့ခွဲ (၁)ဥက္ကဋ္ဌ ဆရာကြီးဦးကြည်တင်က သာသနာရေးရာများ လျှောက်ထားပါသည်။ ဆရာ၊ ဆရာမများအား သင်တန်းဆင်းလက်မှတ်များကို သာမန်အဆင့်နှင့် ထူးချွန်အဆင့်ဟူ၍ (၂)မျိုး ခွဲခြားကာ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ သာမန်အဆင့်ဖြင့် (၂၂)ဦး၊ ထူးချွန်အဆင့်ဖြင့် (၅၇)ဦး အောင်မြင်ခဲ့ကြပြီး လေ့လာသူ အဖြစ် သင်တန်းသား(၁၁)ဦး တက်ရောက်ခဲ့ကြပါသည်။
သင်တန်းကာလမှာ ဇူလိုင်လ (၂)ရက်နေ့မှ (၁၂)ရက်နေ့အထိ (၁၀)ရက်ဖြစ်ပြီး သင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေမှ (၂၅)ဦး၊ ကချင်ပြည်နယ်မှ(၁)ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ (၁၂)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၈)ဦး၊ မကွေးတိုင်း ဒေသကြီးမှ (၃၁)ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ (၁၂)ဦး၊ ရှမ်းပြည်နယ်မှ (၁)ဦး စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်း အနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုပူဇော်၍ ရုပ်သိမ်းခဲ့ပါသည်။
ေ (108)

 222 total views,  3 views today

By admin

Leave a Reply

Your email address will not be published.