နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြ ဆရာဖြစ်သင်တန်း၊ အမှတ်စဉ်(၂၇/၂၀၁၇) (၉)ရက်နေ့ နံနက်ပိုင်းတွင် ဆရာမကြီးဒေါ်ခင်အုံးမြင့်မှ ဂုဏ်တော်အနန္တ သင်ခန်းစာကို သင်ကြားပေးပါ သည်။

လယ်ဝေးလျှပ်စစ်၊ မြိ့နယ်လျှပ်စစ်အင်ဂျင်နီယာမှ လျှပ်စစ်အန္တရာယ် အကြောင်း သိကောင်းစရာကို အသိမျှဝေပေးပါ သည်။
ရှိုင်းဟုပ်မှ စားသုံးသူအန္တရာယ်ကင်းဝေးစေရေးကဏ္ဍကို အသိမျှဝေပေးပါ သည်။
မွန်းလွဲ (၁၂း၃၀)နာရီ တွင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပါသည်။
“မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့” ဗဟို အတွင်းရေးမှူးဆရာတော်၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရ ဆရာတော် ကိုယ်စား ဗဟိုအဖွဲ့ဝင် ဆရာတော်မှ သြ၀ါဒစကား မိန့်ကြားတော်မူပါသည်။
လယ်ဝေးမြို့နယ် ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးကော်မတီနာယက၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဒု-ဥက္ကဋ္ဌမြို့နယ်ပညာရေးမှူး(ငြိမ်း) ဆရာကြီးဦးအောင်မြင့်မှ ဓမ္မကျောင်းတော်ဆိုင်ရာ ဆောင်ရွက်ချက်များကို လျှောက်ထားတင်ပြပါသည်။
ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ သင်တန်းမှူး ယာယီတာဝန်ခံကျောင်းအုပ်(ကျောင်းအုပ်ဆရာမကြီး-ငြိမ်း) ဆရာမကြီး ဒေါ်ငွေကြည်မှ သင်တန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်လျှောက် ထားတင်ပြပါသည်။
သင်တန်းသား/သူများကိုယ်စား သင်တန်းသူ ဒေါ်ရည်မွန်သိမ်းမှ ကျေးဇူးတင်စကား လျှောက်ထားပါသည်။
သင်တန်းဆင်းလက်မှတ်များကို အုပ်စုလိုက် အပ်နှင်း၍ အလှူရှင် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပါသည်။
“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃) ကြိမ် ရွတ်ဆို ပူဇော်၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ရုပ်သိမ်းပါသည်။