မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ ပဉ္စမ အကြိမ်မြောက် ယဉ်ကျေးလိမ္မာညီလာခံ(၂၀၁၇)လုပ်ငန်းညှိနှိုင်း၊ ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆) ရက်၊ နံနက် ၈း၀၀နာရီ အချိန်တွင် နေပြည်တော်၊ ရန်ကင်းတောရ ပရိယတ်ပဋိပတ်ဌာန၌ ကျင်းပပြုလုပ်ပါသည်။

အစည်းအဝေးသို့ ဆရာတော်၊ သံဃာတော်(၂၁)ပါး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့များနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

Meeting
Dhamma Training Center

အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟိုဥက္ကဋ္ဌ ဓမ္မရံသီဆရာတော်ဘုရားက သြ၀ါဒစကား မိန့်ကြားတော်မူပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟို ဒု-ဥက္ကဋ္ဌ ဟိတဓရဆရာတော်ဘုရားက ပြီးခဲ့သည့်ညီလာခံ အတွေ့အကြုံများ ကို မိန့်ကြားတော်မူပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟို အတွင်းရေးမှူး(၁) ဆရာတော်၊ ရန်ကင်းတောရ ဆရာတော်ဘုရားက (၂၀၁၇)ခုနှစ်၊ ညီလာခံဖြစ်မြောက်ရေးနှင့်ပတ်သက်၍ မိန့်ကြားတော်မူပါ သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ အတွင်းရေးမှူး(၂)၊ ဦးလှမျိုးက ညီလာခံကျင်းပရေးဆိုင်ရာကို ဦးဆောင် ဆွေးနွေးပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟို ဥက္ကဋ္ဌဆရာတော်ဘုရားက နိဂုံးချုပ်သြ၀ါဒစကား မိန့်ကြားတော်မူပါသည်။

“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ရုတ်သိမ်းပါသည်။

 626 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *