နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းခန်းမ၌ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် ( ၁၈ / ၂၀၁၅ ) ဖွင့်ပွဲကို အောက်တိုဘာလ (၃) ရက်နေ့ ညနေတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေမှ ဆရာ ဆရာမ ( ၁၈ ) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ ဆရာမ ( ၂ ) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ဆရာ ဆရာမ ( ၉ ) ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ ဆရာ ဆရာမ ( ၁၃ ) ဦးနှင့် ရှမ်းပြည်နယ်မှ ဆရာ ဆရာမ ( ၁၀ ) ဦး စုစုပေါင်း ဆရာ ဆရာမ ( ၅၂ ) ဦး တက်ရောက်လျက် ရှိပါသည်။ သင်တန်းကာလမှာ အောက်တိုဘာ (၃) ရက်နေ့မှ (၁၀)ရက်နေ့အထိ ဖြစ်ပါသည်။
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၌ သင်တန်းစုစုပေါင်း (၁၂၇) ကြိမ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါသင်တန်းများမှာ နည်းပြဆရာဖြစ်သင်တန်း (၁၈) ကြိမ်၊ မွမ်းမံ သင်တန်း (၂၅) ကြိမ်၊ နယ်လှည့်မွမ်းမံသင်တန်း (၁၃) ကြိမ်၊ ဆရာ ဆရာမ မွမ်းမံသင်တန်း(ရက်တို) (၄၃) ကြိမ်၊ လူငယ်နည်းပြ ဆရာသင်တန်း (၂၁) ကြိမ်နှင့် သင်္ကြန်ရက်တိုသင်တန်း (၇) ကြိမ်တို့ ဖြစ်ပါသည်။ ၎င်းသင်တန်းများမှ ဓမ္မကျောင်းတော်သင် နည်းပြ ဆရာ ဆရာမများ (၁၀၀၅၅) ဦးကို မွေးထုတ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။