ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်း ရပ်ကွက်ကျေးရွာများ၌ ဖွင့်လှစ်သင်ကြားနေသော ဓမ္မကျောင်းတော်များအသီးသီးတွင် တက်ရောက်သင်ကြားလျှက်ရှိသည့် ကလေးငယ်များ၏ ရင်ထဲ မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မများကိန်းဝပ်စေရန်အတွက် သင်ကြားပြသပေးမည့် ဆရာ၊ဆရာမများအား အထောက်အကူပြုစေရန်အတွက် ဓမ္မကျောင်းတော်နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၇/၂၀၁၄)ကို ဇူလိုင်လ ၁၃ရက်နေ့တွင် နေပြည်တော် ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာနတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ဓမ္မကျောင်းတော် သြဝါဒစရိယဆရာတော် မှ သြဝါဒစကား ချီးမြှင့်မိန့်ကြားတော်မူပြီး သင်တန်းတက်ရောက်လျှက်ရှိသော သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားလျှောက်ထားတော်မူခဲ့ပါသည်။ ထို့နောက် ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း သင်တန်းကျောင်းအုပ်ကြီးမှ သင်တန်းဆင်းလက်မှတ်များနှင့် အလှူရှင်ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ခဲ့ပါသည်။

 

 

 215 total views,  1 views today

By admin

Leave a Reply

Your email address will not be published.