ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန် အလို့ငှာ သတင်းစာများ, Website, Facebook များပေါ်သို့ သတင်းများကို အချိန်နှင့် တပြေးညီ တင်ပြကာ ဆောင်ရွက်လျက်ရှိပါသည်။

မကြာမီကာလတွင် လူတိုင်းစေ့နီးပါး တယ်လီဖုန်းများ ကိုင်နိုင်တော့မည်ဖြစ်သည့်အပြင် အင်တာနက် ကိုလည်း လိုင်းနှုန်းမြန်မြန်နှင့် အသုံးပြုလာနိုင်တော့မည် ဖြစ်ပါသည်။

ဤအခြေအနေကို သာသနာတော်အတွက် အရေးတကြီး အသုံးပြုနိုင်ရန် ဓမ္မကျောင်းတော် နည်းပြ ဆရာဖြစ်သင်တန်းဌာန၏ သြဝါဒစရိယဆရာတော်မှ နိုင်ငံတကာ ပညာသင်ကြားနည်းဖြစ်သည့် Online Teaching ဖြင့် ဓမ္မကျောင်းတော် သင်ခန်းစာများကို Online ပေါ်မှ အလွယ်တကူ သင်ကြားနိုင်ရန် သြဝါဒ ပြုတော်မူထားပါသည်။ ယခုအခါတွင် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

၁။       ဓမ္မကျောင်းတော် ယဉ်ကျေးလိမ္မာသင်တန်းဆိုင်ရာ သတင်းဆောင်းပါးများ၊ သင်ကြားနည်း သင်ခန်းစာ များ၊ သင်တန်းလျောက်လွှာများနှင့် ယဉ်ကျေးလိမ္မာစာအုပ်များကို အလွယ်တကူ Download ရယူနိုင်ရန် အတွက် Website ပေါ်တွင် တင်ထားပါသည်။ သင်တန်းတက်ရောက်လိုသူများ အနေဖြင့်လည်း အဆိုပါ Website မှတစ်ဆင့် ဆက်သွယ် လျှောက်ထားနိုင်ရန်နှင့် သင်တန်းကျောင်း၏ ဖွဲ့စည်းပုံအကြောင်းများကို လည်း အလွယ်တကူ ဝင်ရောက် လည်ပတ် ကြည့်ရှုနိုင်ရန်အတွက် စီစဉ်ထားပါသည်။

၂။       မြန်မာတစ်နိုင်ငံလုံးတွင် ဓမ္မကျောင်းတော် ယဉ်ကျေးလိမ္မာ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက် နေကြသည့် ဆရာ၊ ဆရာမများ၏ အခက်အခဲများအား အချင်းချင်း တင်ပြအကူအညီတောင်းခြင်း၊ ဝိုင်းဝန်းကူညီ ဖြေရှာခြင်း၊ သင်ကြားနည်းများ အပါအဝင် သတင်းများကိုလည်း ဗဟုသုတအဖြစ် ဖလှယ်နိုင်ရန်အတွက် Facebook နှင့် Viber အကောင့်များဖွင့်၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် စီစဉ် ထားရှိပြီး ဖြစ်ပါသည်။

ဤသင်တန်းသို့ တက်ရောက်နေသည့် ဆရာ၊ ဆရာမများအနေဖြင့် နေပြည်တော် ယဉ်ကျေးလိမ္မာ စင်တာ သင်တန်းသားများအဖွဲ့ (Viber Group) ဟူ၍ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းကာ အင်တာနက်မှတစ်ဆင့် ခေတ်နှင့်အညီ သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အလို့ငှာ ဤမှတ်တမ်းစာအုပ်ကို ထုတ်ဝေရခြင်း ဖြစ်ပါသည်။

 

နေပြည်တော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြဆရာဖြစ်သင်တန်းဌာန

 

Loading

By admin