www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။
ဓမ္မကျောင်းတော် (၁၀)နှစ်ပြည့် မော်ကွန်းမှတ်တမ်းစာအုပ် ပြုစုရေးနှင့် ယဉ်ကျေးလိမ္မာပြန့်ပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့််ပွားရေးကော်မတီဝင်များနှင့် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာတို့၏ လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ၂၀၁၈ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ နေပြည်တော် လယ်ဝေးမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းမြို့နယ်၊ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ မကွေးတိုင်း စေတုတ္တရာမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်၊ မင်းလှမြို့နယ်၊ ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်တို့မှ ရဟန်းရှင်လူ စုစုပေါင်း (၅၀)ဦးတက်ရောက် ပါဝင်ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
ဆုံးဖြတ်ချက်(၁)
နည်းပြသင်ကြားရေးမှူးသင်တန်းTOT အမှတ်စဉ် (၂/၂၀၁၈) ကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ (၁၅)ရက်မှ (၂၆)ရက်ထိ သင်တန်းသူသင်တန်းသားဆရာဆရာမ (၄၀)ဦးလက်ခံမည်ဖြစ်ရာမြို့နယ်အလိုက်အောက်ဖေါ်ပြပါအတိုင်း သင်တန်းတက်ရောက်ခွင့် ပြုရန် ဆုံးဖြတ်ပါသည်-
(က) ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ် (၂)ဦး
(ခ ) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် (၅)ဦး
(ဂ ) မကွေးတိုင်း (စေတုတ္တရာ၊ နတ်မောက်၊ မင်းလှ) (၇)ဦး
(ဃ) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် (၄)ဦး
(င ) မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် (၄)ဦး
(စ ) ရှမ်းပြည်နယ် (ရပ်စောက်၊ ပင်းဒယ၊ ရွာငံ) (၃)ဦး
(ဆ) ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် (၁)ဦး
(ဇ ) နေပြည်တော်တိုင်း၊ တပ်ကုန်းမြို့နယ် (၁)ဦး
(ဈ ) နေပြည်တော်တိုင်း၊ ဇမ္ဗူသီရိမြို့နယ် (မြို့မဈေး) (၁)ဦး
(ည) နေပြည်တော်တိုင်း၊ ပုဗ္ဗသီရိမြို့နယ် (၁)ဦး
(ဋ ) နေပြည်တော်တိုင်း၊ လယ်ဝေးမြို့နယ် (၄)ဦး
(ဌ ) နေပြည်တော်တိုင်း၊ ဒက္ခိဏမြို့နယ် (၂)ဦး
(ဍ ) နေပြည်တော်တိုင်း၊ ဇေယျာသီရိမြို့နယ် (၁)ဦး
(ဏ) နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ (၄)ဦး
ဆုံးဖြတ်ချက်(၂)
ဓမ္မကျောင်းတော်(၁၀)နှစ်ပြည့်မော်ကွန်းမှတ်တမ်းစာအုပ်ပြုစုရေး ကော်မတီကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန်ဆုံးဖြတ်ပါသည်။ ရန်ကင်းဆရာတော်မှသြ၀ါဒါစရိယအဖြစ်လည်းကောင်း၊ အဖွဲ့၏နာယကဆရာဦးကြည်တင် (ဒု-ညွှန်ကြားရေးမှူး-ငြိမ်း)ကနာယကအဖြစ်ဆောင်ရွက်ပါမည်-
(က) ဦးအောင်မြင့်၊ မြို့နယ်ပညာရေးမှူး (ငြိမ်း) ဥက္ကဋ္ဌ
(ခ ) ဦးသန်းဦး၊ ကျောင်းအုပ်ကြီး (ငြိမ်း) အတွင်းရေးမှူး
(ဂ ) ဦးမြင့်ဝေ၊ ကျောင်းအုပ်ကြီး (ငြိမ်း) အဖွဲ့ဝင်
(ဃ) ဦးကျော်ညွန့်၊ ကျောင်းအုပ်ကြီး (ငြိမ်း) အဖွဲ့ဝင်
(င ) ဦးသက်လွင်မိုး၊ အရာခံဗိုလ် မင်းလှမြို့နယ် အဖွဲ့ဝင်
(စ ) ဦးကျော်ကျော် (မင်းကင်း) အဖွဲ့ဝင်
(ဆ) ဦးဘစိုး၊ ရုံးအုပ်ကြီး၊ ထွေ/အုပ်၊ဒက္ခိဏာသီရိမြို့နယ် အဖွဲ့ဝင်
(ဇ ) ဦးမောင်မောင်၊ ပညာရေးမှူး (ငြိမ်း)ရမည်းသင်း အဖွဲ့ဝင်
(ဈ ) ဦးကျော်စွာ၊ အလှစုကုမ္ပဏီ၊နေပြည်တော် အဖွဲ့ဝင်
(ည) ဒေါ်ခင်လင်း၊ ကျောင်းအုပ်ဆရာမကြီး (ငြိမ်း) အဖွဲ့ဝင်
(ဋ ) ဒေါ်မြမြစိန်၊ လက်/ညွှန် (ငြိမ်း) လူမှုဝန်ထမ်းဦးစီး အဖွဲ့ဝင်
ဆုံးဖြတ်ချက်(၃)
ပြည်နယ်/တိုင်း ဓမ္မကျောင်းတော် ဖြစ်ထွန်းပြန့်ပွားရေး ကော်မတီနှင့် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာတို့အကြား အပြန်အလှန်ဆက်ဆံရေး ပိုမိုကျစ်လစ် ခိုင်မာရေးအတွက် “ဓမ္မကျောင်းတော်များတည်တံ့ပြန့်ပွားရေးအတွက် ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီ’’ကိုမြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့အတွင်းရေးမှူး ဆရာတော်မှ ဖွဲ့စည်းကာဆောင်ရွက်ရမည့် တာဝန်ကိုသတ်မှတ်ပေးအပ်ရန်ဆုံးဖြတ်ပါသည်။

