
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ (၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် နှစ်ပတ်လည် အစည်းအဝေး ကို ၂၀၁၆ ခု၊ ဒီဇင်ဘာလ (၃) ရက်၊ နံနက် (၀၈း၀၀)နာရီ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သပြေပင်စံပြ ကျေးရွာရှိ ရန်ကင်းတောရ ပရိယတ်ပဋိပတ်ဌာန၏ သာသနာ့ ဗိမာန် တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်ပေါင်း (၄၂) မြို့နယ်မှ ဆရာတော်၊ သံဃာတော် (၂၅၃)ပါး နှင့် ဓမ္မကျောင်းတော်ကိုယ်စားလှယ် (၁၀၃၄)ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို မြတ်စွာဘုရားရှင်အား နမောတဿ မဟာပဏာမ ဘုရားရှိခိုး သုံးကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေးအဖွဲ့ ဥက္ကဌဆရာတော်၊ မကွေးမြို့ မဟာဝိသုတာရာမ စာသင်တိုက်၊ နာယကဆရာတော်မှ သြ၀ါဒကထာချီးမြှင့်ပေးပြီး စာတမ်းများ တင်သွင်းခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ပါသည်။
ပထမစာတမ်းဖြစ်သော ” ယဉ်ကျေးလိမ္မာသင်တန်းများအတွက် ခေတ်မီပြီး ထိရောက်သည့် သင်ကြားရေးဆိုင်ရာစာတမ်း”ကို ရမည်းသင်းမြို့နယ် ဓမ္မ ကျောင်းတော်ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေးအဖွဲ့ ဥက္ကဌ ဦးမောင်မောင်မှ တင်သွင်းဖတ်ကြားခဲ့ပြီး ကိုယ်စားလှယ်များမှ ဖြည့်စွက် ဆွေးနွေး မေးမြန်းကြပါသည်။ စာတမ်းရှင်မှ ပြန်လည်ဖြေကြားပြီးနောက် ရန်ကင်းတောရဆရာတော်မှ ဖြည့်စွက်မိန့်ကြားတော်မူပါသည်။
မွန်းလွဲ ၁၂း၃၀ နာရီအချိန်တွင် ဒုတိယပိုင်း အစီအစဉ်ကို ပြန်လည်စတင်ခဲ့ပြီး ဒုတိယစာတမ်းဖြစ်သော “ယဉ်ကျေးလိမ္မာသင်တန်းများတွင် ကလေးသူငယ် များ ကျောင်းတက်မှန်ရေးဆိုင်ရာ စာတမ်း” ကို မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဓမ္မကျောင်းတော် ထွန်းကားပြန့်ပွားရေး တိုင်းကော်မတီ ဒု-ဥက္ကဌ၊ ဦးလှရှိန်မှ လည်းကောင်း၊ တတိယစာတမ်းဖြစ်သော “ယဉ်ကျေး လိမ္မာသင်တန်းများ ရေရှည်တည်တံ့ ရေးဆိုင်ရာ စာတမ်း”ကို လယ်ဝေး မြို့နယ်၊ ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေး အဖွဲ့ ဒု-ဥက္ကဌ ဦးမြင့်ဝေမှ တင်သွင်းဖတ်ကြားခဲ့ပါသည်။
အခမ်းအနားတွင် ဓမ္မကျောင်းတော်များ၏ ဓာတ်ပုံပြခန်းများ နှင့် ဓမ္မကျောင်းတော် စာအုပ်နှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များလည်း ဖွင့်လှစ်ထားပါသည်။
ဓာတ်ပုံပြခန်းကို
(၁) စည်းဝေးတိုင်ပင်အောင်ပွဲဆင်
(၂) ဓမ္မကျောင်းတော်သူ၊ သားများ
(၃) မျိုးဆက်သစ်သို့ လက်ဆင့်ကမ်းစို့
(၄) စုပေါင်းညီညာ အောင်ကြောင်းဖြာ
(၅) ဓမ္မကျောင်းသား စွမ်းပကား လှုပ်ရှား ဆောင်ရွက်ကြစို့လား
(၆) သာသနာ့ ယဉ်ကျေးပြည့်ရင်သွေး ဟူ၍ (၆)မျိုး ခွဲခြားပြီး ပြသထားပါ သည်။
33 total views, 1 views today