IMG_0195

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့့်ပွားရေးဗဟိုအဖွဲ့ခွဲ (၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၌ဓမ္မကျောင်းတော် နှစ်ပတ်လည်ပွဲကျင်းပနိုင်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၁၇) ရက်နေ့၊ နေ့လည် (၀၁း၀၀) နာရီအချိန်တွင် စင်တာ၏ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ ဒေသအသီးသီးမှဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ရေရှည် တည်တံ့ရေးအတွက် တာဝန်ရှိကြသည့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး နှစ်ပတ်လည် အစည်းအဝေးပွဲကြီး(၂၀၁၅) ကို ဒီဇင်ဘာလ (၁၂)ရက်နေ့နှင့် (၁၃) ရက်နေ့ (၂) ရက် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါသည်။
နှစ်ပတ်လည်အစည်းအဝေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် အောက်ပါ လုပ်ငန်းကော်မတီများကို ဖွဲ့စည်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
(၁) နှစ်ပတ်လည်အစည်းအဝေးပွဲ ကျင်းပရေးဦးစီးကော်မတီ
(၂) နှစ်ပတ်လည်အစည်းအဝေးပွဲ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ
(၃) နှစ်ပတ်လည်အစည်းဝေးကျင်းပရေးကော်မတီ
(၄) ဘဏ္ဍာရှာဖွေရေးကော်မတီ
(၅) အခမ်းအနားပြင်ဆင်ရေးကော်မတီ
(၆) သတင်းပြန်ကြားရေးနှင့် မှတ်တမ်းကော်မတီ
(၇) ဖိတ်ကြားရေးကော်မတီ
(၈) စာတမ်းပြုစုရေးနှင့် သုတေသနကော်မတီ
(၉) တည်းခိုနေရာချထားရေးနှင့် ကြိုဆိုဧည့်ခံရေးကော်မတီ
(၁၀) သယ်ယူပို့ဆောင်ရေးကော်မတီ
(၁၁) ဧည့်ခံကျွေးမွေးရေးကော်မတီ
(၁၂) ကျန်းမာရေးကော်မတီ
(၁၃) အာဟာရချက်ပြုတ်ရေးကော်မတီ နှင့်
(၁၄) လုံခြုံရေးကော်မတီ

နှစ်ပတ်လည်အစည်းအဝေးပွဲကျင်းပရေးဦးစီးကော်မတီ
ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ (၁)

 217 total views,  1 views today

By admin

Leave a Reply

Your email address will not be published.