နေပြည်တော် လယ်ဝေးမြို့နယ် ရန်ကင်းတောရ ပရိယတ်၊ပဋိပတ်ဌာန ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာနတွင် ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးမြို့နယ်အလုပ်အမှုဆောင် ကော်မတီများ အစည်းအဝေးပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂း၃၀ အချိန်တွင် ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန အလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက် ခဲ့ပါသည်။
၎င်းအစည်းအဝေးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟို အတွင်းရေးမှူး(၂)ဆရာတော်၊ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန သြဝါဒါစရိယ၊ ရန်ကင်းတောရဆရာတော်မှ ယခုအခါတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေး အဖွဲ့(ဗဟို)ကို ဖွဲ့စည်းပြီးဖြစ်ပါ၍ မိမိတို့ ဓမ္မကျောင်းတော်လုပ်ငန်းသည် ပိုမိုကျယ်ပြန့်လာပြီဖြစ်ကြောင်း၊ ကျရောက် လာသော သာသနာ့တာဝန်များကို လက်တွဲညီညာစွာ ထမ်းဆောင်ရန်၊ ကြိုးကြိုးစားစားနှင့် ဇွဲရှိရှိ လုပ်ဆောင်ရန် လိုအပ်ကြောင်းစသည်တို့ကို သြဝါဒကထာမိန့်ကြား၍ အစည်းအဝေးကို ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် မြို့နယ်အလုပ်အမှုဆောင် ကော်မတီများမှ ဓမ္မကျောင်းတော်ဆိုင်ရာ ဆောင်ရွက်ဆဲ အခြေအနေများနှင့် အခတ်အခဲများကို တင်ပြခဲ့ပါသည်။ ထိုသို့လျောက်ထားရာတွင် တပ်ကုန်းမြို့နယ် ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးဆောင်ရွက်နေသော တပ်ကုန်းမြို့နယ် ဓမ္မကျောင်ေးတာ် ဥက္ကဌ ဦးဇော်လွင်မှ စာကြည့်တိုက်များကို ဖွင့်လှစ်ခြင်း၊ အခတ်အခဲများကို တင်ပြရာ လက်ရှိ ဓမ္မကျောင်းတော် များတွင် သင်ကြားလျက်ရှိသည့် ဆရာ၊ဆရာမများမှာ ရာထူးတိုးကျောင်းပြောင်း ခြင်းများကြောင့် သင်ကြားရာတွင် အင်အားနည်းပါးသော အခတ်အခဲများရှိနေခြင်း၊ ဆရာ၊ဆရာမများသည် အရည်အချင်းတိုးတက်စေရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ (ဗဟို)မှ ကြီးမှူးကျင်းပသည့် နည်းပြဆရာဖြစ်သင်တန်း သင်တန်းရက်ရှည် တက်ရောက်ရန်ခတ်ခဲနေခြင်း စသည့် အခတ်အခဲများကို လျောက်ထားတင်ပြခဲ့ပါသည်။ ထို့ကြောင့်ဆရာ၊ဆရာမများ ၏ အရည်အချင်းမြှင့်တင်ပေးနိုင်ရန်အတွက် မွမ်းမံသင်တန်းများကိုလည်း ဖွင့်လှစ်ပေး စေလိုကြောင်း လျောက်ထားခဲ့ပါသည်။
ထို့နောက် လယ်ဝေးမြို့နယ် ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးကော်မတီမှ ယခုအခါမိမိတို့ မြို့နယ်တွင် ဓမ္မကျောင်းတော် အရေအတွက်များ များပြားလာသည်နှင့်အမျှ မိမိတို့ ကော်မတီဝင်များ အင်အားနည်းပါးနေသောကြောင့် တနင်္ဂနွေနေ့တိုင်း ကျောင်းတော်များသို့ လိုက်လံစစ်ဆေး၊ အကူအညီပေးရန် အခတ်အခဲဖြစ်နေခြင်း၊ ကော်မတီ အင်အားကို တိုးမြှင့်ပေးစေလိုကြောင်းကို လျောက်ထားခဲ့ပါသည်။
ဆက်လက်ပြီး ပျဉ်မနားမြို့နယ် ဓမ္မကျောင်တော်ဖြစ်မြောက်ရေးကော်မတီသည် မိမိတို့ပျဉ်းမနားမြို့နယ်တွင် ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ အောင်မြင်၍ ကျောင်းများကို တိုး၍ ဖွင့်လှစ်နိုင်ရန်အတွက် ကော်မတီအင်အားနှင့် ဆရာ၊ဆရာမများ၏ အင်းအားကို တိုးမြှင့်ရန် ကြိုးစားနေပြီဖြစ်ကြာင်းနှင့် ကျောင်းသား၊ကျောင်းသူများစိတ်ဝင်စားမှုရရှိစေရန်အတွက် တစ်နှစ်လျှင် တစ်ခါဒေသန္တရ ဘုရားဖူးလိုက်ပို့ပေးပါက ပို၍ အောင်မြင်နိုင်မြင် နိုင်မည်ဖြစ်ကြောင်းကို လျှောက်ထားသွားပါသည်။
ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)ဦးကြည်တင်မှ ယခုလက်ရှိ အချိန်တွင် ဖွဲ့စည်းပြီးဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့အား နိုင်ငံတော်မှ အသိအမှတ်ပြုသည့် တရားဝင်အဖွဲ့အစည်းကြီးဖြစ်ရန် တက်စွမ်းသလောက်ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ညီလာခံကျင်းပရာတွင် ပိုမိုထိရောက် အောင်မြင်နိုင်ရန်အတွက် မိမိဘက်မှ ရည်ရွယ်ချက်များ၊ မူဝါဒများနှင့် ဦးတည်ချက်မှား ချမှတ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကို အကျယ်တဝင့် ဆွေးနွေးလျောက်ထားတင်ပြသွားပါသည်။
ထို့နောက် သြဝါဒါစရိယဆရာတော်မှ ဓမ္မကျောင်းတော်များကို ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်နှင့် မိမိတို့ဖွင့်လှစ်ထားရှိသည့် ဓမ္မကျောင်းတော်များ၏ အောင်မြင်မှု ရလဒ်များ၊ အခတ်အခဲများကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ ဓမ္မကျောင်းတော်နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ကြောင်းကို မိန့်ကြားသွားပါသည်။ အဆိုပါ ဓမ္မကျောင်းတော်များ၏ အောင်မြင်မှု ရလဒ်များနှင့်အခတ်အခဲများကို မကြာမီကျင်းပမည့် ယဉ်ကျေးလိမ္မာညီလာခံတွင် တင်ပြ ဆွေးနွေး၍ လိုအပ်သည်များ၏ အကူအညီကို တောင်းခံဆောင်ရွက်သွားရန်ကို အကျယ်တဝင့် ဆွေးနွေးသွားပါသည်။
ထို့အပြင်မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲတွင် မိမိတို့ ဓမ္မကျောင်းတော်များမှ ကျောင်းသား၊ကျောင်းသူများကို ထူးချွန်စွာအောင်မြင်နိုင်ရန်အတွက် မိမိတို့ဘက်မှ အကြိုစမ်းစစ်လွှာဖြေဆိုခြင်းလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို ဆွေးနွေးသွားပါသည်။
ထို့နောက် အစည်းအဝေးပွဲမှ ဆုံးဖြတ်ချက်များကို အတည်ပြုရာတွင် မြို့နယ်ကော်မတီများ၏ တောင်းဆိုချက်အရ ကျောင်းပိတ်ရက်များတွင် (၁၀)ရက် ရက်ရှည်သင်တန်းအပြင် (၅)ရက်၊ (၃)ရက် မွမ်းမံသင်တန်းများ ပို့ချပေးရန်၊ အဆိုပါ မြို့နယ်များသို့သွားရောက်၍ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန် အတွက် ပြန်လည်ညှိနှိုင်း၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ နှစ်ပတ်လည်အစည်းအဝေးပွဲကို နိုဝင်ဘာလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပရန်နှင့် နှစ်ပတ်လည်အစည်းအဝေးကျင်းပရေး အလုပ်အမှုဆောင် ကော်မတီဖွဲ့စည်းခြင်းကို ဆုံးဖြတ်အတည်ပြုခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွ့ဲ ဗဟိုအတွင်းရေးမှူး (၂) ဆရာတော်မှ ယခုအချိန်တွင် နိုင်ငံတစ်နိုင်ငံလုံးတွင် ယဉ်ကျေးလိမ္မာသင်တန်းများကို ဦးဆောင် ဆောင်ရွက်နေသည့် ဆရာတော်များ ပေါင်းစု၍ ဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်သောကြောင့် သာသနာတော်အတွက် အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ မိမိတို့ အနေနှင့် လူငယ်များ လိမ္မာယဉ်ကျေးလာရေးကိုသာ အလေးထားဆောင်ရွက်ရန်နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးသည့် ကျောင်းသားများသည် ဘဝထဲသို့ ရောက်ရှိသွားတော့မည်ဖြစ်သည့်အတွက် ထိုလူငယ်များအား အရေးတကြီး ပြင်ဆင်ပေးရန်လိုအပ်ကြောင်းနှင့် နေပြည်တော်အတွင်းတွင် ဖွင့်လှစ်သင်ကြားနေသည့် ဘော်ဒါကျောင်းများကိုလည်း ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို တိုက်တွန်းအားပေးကာ နိဂုံးချုပ်သြဝါဒ စကားမိန့်ကြားသွားခဲ့ပါသည်။
ထို့နောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်းရွက်ဆို၍ ညနေ(၄)နာရီအချိန်တွင်အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။