ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးကော်မတီများနှင့် နှစ်ပတ်လည် အစည်းအဝေးပွဲ ကျင်းပ

နေပြည်တော် လယ်ဝေးမြို့နယ် ရန်ကင်းတောရ ပရိယတ်၊ပဋိပတ်ဌာန ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာနတွင် ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ပြန့်ပွားရေး အလုပ်အမှုဆောင် ကော်မတီများ အစည်းအဝေးပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂း၃၀ အချိန်တွင် ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်တို့မှ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန ကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် ပညာရှင်များ တက်ရောက် ခဲ့ပါသည်။

၎င်းအစည်းအဝေးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟို အတွင်းရေးမှူး(၂)ဆရာတော်၊ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန သြဝါဒါစရိယ၊ ရန်ကင်းတောရဆရာတော်မှ ယခုအခါတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေး အဖွဲ့(ဗဟို)ကို ဖွဲ့စည်းပြီးဖြစ်သည့်အလျောက်   မိမိတို့၏ သာသနာပြုလုပ်ငန်းသည် ပိုမိုကျယ်ပြန့်လာပြီ ဖြစ်ပါသည်။ ထို့ကြောင့် မိမိအား ပေးအပ်လာသည့်တာဝန်များကို စိတ်ရှည်ဇွဲသန်သည်းညဉ်းခံကာ သာသနာပြုကြရန်ကို မိန့်ကြား၍ အခမ်းအနား ကို ဖွင့်လှစ်ခဲ့ပါသည်။

အစည်းအဝေးပွဲတွင် မြို့နယ်ကော်မတီများ၏ တောင်းဆိုချက်များအရ ကျောင်းပိတ်ရက်များတွင် (၁၀)ရက် နည်းပြဆရာဖြစ်သင်တန်းအပြင် (၅)ရက်၊ (၃)ရက် မွမ်းမံသင်တန်းများလည်း ပို့ချပေးရန်နှင့် မြို့နယ်များသို့သွားရောက်၍ သင်တန်းများ ဖွင့်ပေးနိုင်ရန် အတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မကျောင်းတော် နှစ်ပတ်လည် အစည်းအဝေးပွဲကို နိုဝင်ဘာလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပရန်အတွက် အလုပ်အမှုဆောင် ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ပြီးသည့်နောက်       အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွက်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 

 879 total views,  1 views today

By admin