နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော်နည်းပြဆရာဖြစ်သင်တန်းဌာန၊ ရန်ကင်းတောရ ပရိယတ်၊ ပဋိပတ်ဌာန၌ ဆရာ၊ ဆရာမများ၏ အရည်အချင်းမြှင့်တင်နိုင်ရန် နည်းပြဆရာဖြစ်သင်တန်းများ၊ မွမ်းမံသင်တန်းများနှင့် ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများကို လစဉ် ပုံမှန်ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယခုအခါတွင် ဆရာ၊ဆရာမွမ်းမံသင်တန်းအမှတ်စဉ် (၂၄/၂၀၁၄)ကို အောက်တိုဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါသင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ဆရာမများစုစုပေါင်း (၆၇)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ဗုဒ္ဓဘာသာဆိုင်ရာ ဗဟုသုတများ၊ သင်ကြားနည်းဆိုင်ရာသင်ခန်းစာများနှင့် စိတ်ထားပြု ပြင်ပြောင်းလဲရေးဆိုင်ရာ သင်ခန်းစာများကိုစင်တင်စကားပြောပွဲ (Role-play)၊ လက်တွေ့တန်းပြသင်ကြားခြင်း (Block Teaching)၊ စကားရေလုပွဲများ(Debate)၊ အလုပ်ရုံဆွေးနွေးပွဲများ(Work shop)များ ပြုလုပ်၍ CCA(Child Centred Approach)နည်းဖြင့်သင်ကြားပို့ချပေးခဲ့ပါသည်။

သင်တန်းဆင်းပွဲတွင် ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန သြဝါဒါစရိယ မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟိုအတွင်းရေးမှူး(၂)ဆရာတော် ရန်ကင်းတောရဆရာတော်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟိုကိုဖွဲ့စည်း၍ သာသာနာပြုလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့်ယခုသင်တန်းဆင်းပြီးသည့် ဆရာ၊ဆရာမများသည် ဘာသာသာသနာအတွက် မိမိတို့အပေါ်တွင် တာဝန်ကျရောက်လာပြီဟု ခံယူကာ ဂုဏ်ယူဝမ်းမြောက်စွာဖြင့်တာဝန်ကိုထမ်းဆောင်ရန်လိုအပ်ကြောင်း မိန့်ကြားတော်မူခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်းလက်မှတ်ကို နေပြည်တော်လယ်ဝေးမြို့နယ် မြို့နယ်ဓမ္မကျောင်းတော်ဖြစ်မြောက်ရေး   ကော်မတီ နာယက ဆရာကြီးဦးအောင်မြင့်(မြို့နယ်ပညာရေးမှူး (ငြိမ်း)) နှင့် တာဝန်ရှိသူတို့က ပေးအပ်ခဲ့ပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်းရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။

P1160217

သင်တန်းဆင်းပွဲ
သင်တန်းဆင်းပွဲ
သင်တန်းဆင်းပွဲ
သင်တန်းဆင်းပွဲ

Loading

By admin