ဓမ္မကျောင်းတော် လူငယ်အမြင်ဖွင့်သင်တန်း (၂၅/၂၀၁၇)၊ ၂၀၊၃၊၂၀၁၇ နေ့တွင် လူငယ်ဘ၀နှင့်ဓမ္မကျောင်းတော် အကြောင်းကို ဆရာကြီး ဦးအောင်မြင့်၊ မြို့နယ်ပညာရေးမှူး(ငြိမ်း)က ဆွေးနွေးသင်ကြားပေးပါသည်။

ဆရာမကြီးဒေါ်ခင်အုံးမြင့် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ ရတနာ့ဂုဏ်ရည် သင်ခန်းစာကို ပို့ချသင်ကြားပေးပါသည်။
သင်တန်းသူ/သားများက ရန်ကင်းတောရကျောင်းဝန်းအတွင်း သန့်ရှင်းရေး ကို စုပေါင်းလုပ်အားပေးကြပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦး နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများ အကြောင်းကို ဆရာမဒေါ်ခင်မေ၀င်းက သင်ကြားပို့ချပေးပါသည်။
နေ့လည် ၃း၀၀ နာရီအချိန်တွင် ဓမ္မကျောင်းတော် လူငယ်အမြင်ဖွင့်သင်တန်း (၂၅/၂၀၁၇)၊ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပါသည်။
မြတ်စွာဘုရားရှင်အား “နမောတဿ” မဟာပဏာမ ဘုရားရှိခိုးဖြင့် (၃)ကြိမ် ရွတ်ဆို ပူဇော်၍ အခမ်းအနားကို ဖွင့်လှစ်ပါသည်။
“မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့” ဗဟို အတွင်းရေးမှူး(၁)ဆရာတော်၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာနည်းပြဆရာဖြစ် သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရ ဆရာတော်ကိုယ်စား ဗဟိုအဖွဲ့ဝင် ဆရာတော်မှ သြ၀ါဒစကား မိန့်ကြား တော်မူပါသည်။
ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာနည်းပြဆရာဖြစ် သင်တန်း ဌာန၊ သင်တန်းမှူး ယာယီတာဝန်ခံကျောင်းအုပ် (ကျောင်းအုပ် ဆရာမကြီး-ငြိမ်း) ဆရာမကြီးဒေါ်ခင်အုံးမြင့်မှ သင်တန်းတစ်ခုလုံးကို ခြုံငုံ သုံးသပ် လျှောက်ထားတင်ပြပါသည်။
သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား လျှောက်ထားပါသည်။
သင်တန်းဆင်းလက်မှတ်များကို အုပ်စုလိုက် အဖွဲ့ခေါင်းဆောင်များကို ပေးအပ်ပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ အပ်နှင်းပါသည်။
“ဗုဒ္ဓသာ သနံစိရံတိဌတု” သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။
607 total views, 3 views today