ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (၄၄/၂၀၁၆) ကို နေပြညိတော် ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရ ပရိယတ်ပဋ္ဋိပတ်ဌာနတွင် ၂၀၁၆ခု ဒီဇင်ဘာလ ၂၃ ရက် မှ ၂၆ ရက်ထိ ဖွင့်လှစ်ပါသည်။
သင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာ/ဆရာမ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး (၅၂)ဦး၊ စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းအဖွင့်သြ၀ါဒနှင့် သာသနာ့သမိုင်း အကြောင်းကို ရန်ကင်းတောရ ကျောင်းမှ ဦးစန္ဒိမာမှ ဟောပြော မိန့်ကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသူဆရာ/ဆရာမများမှ သာသနာ့သမိုင်းအကြောင်း ကို အုပ်စုဖွဲ့ (Discussion) ဆွေးနွေးကြပါသည်။