ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းအမှတ်စဉ်(၁၄/၂၀၁၅)ကို နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော်ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရတွင် ဇွန်လ(၄)ရက်နေ့မှ (၁၄)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။
ဆရာဖြစ်သင်တန်းသို့ တက်ရောက်လာရခြင်းသည် မိမိတို့ ကျေးရွာရက်ကွက်များတွင် လူငယ်မောင်မယ်များအား ဓမ္မစာပေများပြန်လည်သင်ကြားပေးရန်ဟူသောရည်ရွယ်ချက်ဖြင့် လာကြသည်ဟု ယုံကြည်ပါသည်။ ဤကဲ့သို့ ရည်ရွယ်ချက်ဖြင့် လာရောက်ကြသော ဆရာ ဆရာမလောင်းလျာများကို နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော်မှ အရည်အချင်းပြည့်မှီသော ဆရာ ဆရာမများ ဖြစ်လာစေရန်အတွက် ဗုဒ္ဓစာပေများသာမက စိတ်ထားပြု ပြင်ပြောင်းလဲလာစေရန်၊ စိတ်ထားများပို၍ နူးညံ့လာစေရန် ဝါရင့်ဆရာကြီး ဆရာမကြီးများ၊ ဆရာတော်သံဃာတော်များက သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။
ဤသင်တန်းသို့ တက်ရောက်လိုကြသော သင်တန်းသား သင်တန်းသူများသည် ဖုန်း-၀၉၇၉၇၃၀၃၀၂၁၊ ၀၉၈၃၀၄၄၄၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျန်းမာချမ်းသာကြပါစေ။ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရ(သပြေပင်)။

 398 total views,  3 views today

By admin

Leave a Reply

Your email address will not be published.