ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများကို နေပြည်တော် ယဉ်ကျေးလိမ္မစင်တာ၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာနတွင် ၂၀၁၅ခု မတ်လ(၂၁)ရက်နေ့မှ (၂၅)နေ့အထိတစ်ကြိမ်၊ မတ်လ(၂၇)ရက်နေ့မှ (၃၁)ရက်နေ့အထိတစ်ကြိမ် စသည်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ ဤသင်တန်းကို တက္ကသိုလ်ဝင်တန်းစားမေးပွဲ ဖြေဆိုထားကြသည့် လူငယ်များအတွက် အထူးသင်တန်းဖြစ်ပါသည်။
ဓမ္မကျောင်းတော်၏ အဓိကရည်ရွယ်ချက်ဖြစ်သော ” တိုင်းပြည်အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတက်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်” ဟူသည့်အတိုင်း လူငယ်မောင်မယ်များကို ယဉ်ကျေးလိမ္မာစေရန် ဓမ္မကျောင်းတော်လူငယ်နည်းပြသင်တန်းများ ဖွင့်လှစ် သင်ကြားပေးနေကြခြင်း ဖြစ်ပါသည်။ ဤဓမ္မကျောင်းတော်၏ လူငယ်နည်းပြသင်တန်းကို လာရောက်ကာ တက်စေလိုကြောင်း ဖိတ်ခေါ်လိုက်ရပါသည်ခင်ဗျား။ ထိုသင်တန်းကို တက်ရောက်ကြလိုသူများ လူဦးရေကန့်သတ်ထားပါသည်။
ဆက်သွယ်ရန်-၀၉ ၇၉၇၃၀၃၀၂၁ ၊ ၀၉ ၈၃၀၄၄၄၆ သို့
ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Loading

By admin