နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရကျောင်း၌ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၃၄) ကို ၂၀၁၈ – ခုနှစ် ဇွန်လ ၂-ရက် စနေနေ့တွင် ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ သီလရှင်ဆရာလေး (၂)ပါးနှင့် သင်တန်းသား သင်တန်းသူ (၂၀)ဦး၊ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့မှ သင်တန်းသား သင်တန်းသူ (၁၈)ဦး၊ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်နှင့် ရေနံချောင်းမြို့တို့မှ သင်တန်းသား သင်တန်းသူ (၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှ သင်တန်းသား (၂)ဦးနှင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ သင်တန်းသား သင်တန်းသူ (၇)ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ (၄၉)ဦးနှင့် သီလရှင်ဆရာလေး (၂)ပါး တို့ သင်တန်းတက်ရောက်နေကြပါသည်။

279 total views, 1 views today