ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း (၂၆/၂၀၁၇)သင်တန်းဆင်းပွဲနှင့် အလှူရှင် နှစ်ပတ်လည်ရေစက်ချ အခမ်း အနားကို ၂၀၁၇ခု၊ ဇန္န၀ါရီလ(၈)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီတွင် ကျင်းပ ပြုလုပ်ပါသည်။
မြတ်စွာဘုရားရှင်အား ” နမောတဿ” မဟာပဏာမဘုရားရှိခိုးဖြင့် (၃) ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနား ဖွင့်လှစ်ပါသည်။
“မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့” ဗဟိုအတွင်းရေးမှူးဆရာတော်၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရဆရာ တော်မှ သြ၀ါဒစကား မိန့်ကြားတော်မူပါသည်။
ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း(၂၆/၂၀၁၇)သင် တန်းသား/သူများ ကိုယ်စား သင်တန်းသူ ဒေါ်နှင်းခန့်မွှေးမှ ကျေးဇူးတင် စကား လျှောက်ထားပါသည်။

သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ် အပ်နှင်းပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ အလုပ်အမှုဆောင်အဖွဲ့ဝင် အလှစု ကုမ္ပဏီMDဦးကျော်စွာက (၂၀၁၆) ခုနှစ်အတွင်း နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာက ပြုလုပ်ဆောင်ရွက်နေသည့် သာသနာပြု ပရဟိတလုပ်ငန်း များကို တင်ပြပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဘဏ္ဍာရေးကော်မတီ အတွင်းရေးမှူး ဒေါ်ဂျူလိုင်အောင်က(၂၀၁၆)ခု ဘဏ္ဍာရေး အလှူရငွေနှင့် အသုံးပြုငွေရှင်း တမ်းများကို တင်ပြပါသည်။
နှစ်ပတ်လည် အလှူရှင်ဂုဏ်ပြုမှတ်တမ်းများကို ပေးအပ်ပါသည်။
“မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့” ဗဟို အတွင်းရေးမှူးဆရာတော်၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ်သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရဆရာတော် က နိဂုံးချုပ် အမှာစကားမိန့်ကြားပါသည်။
“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ရုတ်သိမ်းပါသည်။
715 total views, 1 views today