ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်း (၂၆/၂၀၁၇)ကို ၂၀၁၇ခု ဇန္န၀ါရီလ(၁)ရက်နေ့မှ (၈)ရက်နေ့ထိ ရန်ကင်းတာရ ပရိယတ်ပဋိပတ်ဌာနတွင်ဖွင့်လှစ်ပါသည်။
သင်တန်းတွင် သံဃာ(၇)ပါး၊ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၃၀)ဦး၊ ပါဝင်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ (၂၁)ဦး၊ ရှမ်းပြည်နယ်၊ ကျောက်မဲ မြို့မှ(၃)ဦး၊ ရခိုင်ပြည်နယ်မှ(၈)ဦး၊ မန္တလေးတိုင်းမှ(၇)ဦး၊ စစ်ကိုင်းတိုင်းမှ (၅)ဦး၊ ရန်ကုန်တိုင်းမှ(၁)ဦး၊ စုစုပေါင်း(၄၅)ဦး တက်ရောက်ကြပါသည်။
ပထမဦးစွာ သံဃာတော်များ၊ သင်တန်းသူ/သားများမှ အကြိုဆန်းစစ်လွှာများ ဖြည့်စွက် ရေးသားကြပါသည်။
ဒေသအလိုက် သင်တန်းမိတ်ဆက်စကားများ ပြောကြား ကြပါသည်။
သင်တန်းအဖွင့်သြ၀ါဒကို ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရဆရာတော်မှ မြွက်ကြားတော်မူပါသည်။ ဆရာတော်မှ သံဃာတော်များ၊ သင်တန်းသူ/ သားများကို ဓမ္မကျောင်းတော်များတွင် ကလေးငယ်များကို သင်ကြား ပေးရာ၌ (၁)သင်ကြားနည်းစနစ် မှန်ကန်ရန် လိုအပ်ပါကြောင်း (၂)သင် ကြားပေးမည့် အချက်အလက် မှန်ကန်ရန် လိုအပ်ပါကြောင်းနှင့် ယခုဆောင် ရွက်သော လုပ်ငန်းသည် အလွန်အရေးကြီးသော သာသနာပြုလုပ်ငန်း ဖြစ်ကြောင်း၊ ဆက်လက်၍ ဆရာတော်မှ ဓမ္မကျောင်းတော်လုပ်ငန်းသည် ပရဟိတဆောင်ရွက်သော လုပ်ငန်းတစ်ခုလည်း ဖြစ်ပါ၍ ထားရှိရမည့် သဘောထားကို ရှင်းလင်းမြွက်ကြားတော်မူပါသည်။
ဆရာတော်မှ ဓမ္မကျောင်းတော်လုပ်ငန်းသည် မြတ်စွာဘုရား၏ တရားတော် များကို ကလေးသူငယ်များ၏ ရင်ထဲသို့ရောက်အောင်သင်ကြား ပေးရသည့် အတွက် မြင့်မြတ်သူတို့၏ အလုပ်ဖြစ်ပါကြောင်း မြင့်မြတ်သူတို့၏ လုပ်ငန်းသည် ပါရမီမြောက်ကြောင်း ဟောကြားတော်မူပါသည်။
217 total views, 1 views today