တိုင်းပြည်၏အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး အမျိုး ဘာသာ   သာသနာကို ချစ်မြတ်နိုးတတ်သည့်   လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် အသိဉာဏ်ကြီးမားတော်ကြမူသည့် ဆရာတော်သံဃာတော်များနှင့် လူပညာရှိများမှ   မြန်မာနိုင်ငံအနှံ့အပြား   တောရော မြို့ပါမကျန်     ဓမ္မကျောင်းတော်များ၊ ဓမ္မစကူလ်းများ ၊   နွေရာသီ ယဉ်ကျေးလိမ္မာ သင်တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အဆိုပါဓမ္မကျောင်းတော်များ ရေရှည် တည်တံ့ အောင်မြင်ရန်မှာ ဆရာ ဆရာမများသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။

ထို့ကြောင့် ဆရာ၊ ဆရာမများ အရည်အချင်းမြင့်မားနေစေရန်အတွက် နေပြည်တော် ယဉ်ကျေး လိမ္မာစင်တာသင်တန်းဌာနမှ   ဆရာဖြစ်သင်တန်းများ၊ ဆရာ၊ဆရာမ  မွမ်းမံသင်တန်းတို့ကို ဖွင့်လှစ် ပို့ချပေးလျက်ရှိပါသည်။  ဇန်နဝါရီလ   (၁)ရက်နေ့မှ  (၄)ရက်နေ့အထိ ဆရာ ဆရာမ မွမ်းမံသင်တန်း (၂၅/၂ဝ၁၅)ကို  ဖွင့်လှစ်ရာ ပြည်နယ် ၊ တိုင်းဒေသကြီးအသီးသီးမှ ဆရာ ဆရာမ (၁၅၆)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

Loading

By admin