နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော် နည်းပြသင်ကြားရေးမှူး သင်တန်း ၁/၂၀၁၁၈၊ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ပါသည်။
၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟို
အတွင်းရေးမှူး ရန်ကင်းတောရ ဆရာတော်ထံပါး သီလခံယူ ဆောက်တည်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟိုအတွင်းရေးမှူး(၂)၊ ဓမ္မရောင်ခြည် ဥက္ကဋ္ဌ ဦးလှမျိုးက သင်တန်းဆိုင်ရာ ဆောင်ရွက် ပြီးစီးမှုကို လျှောက်ထားပါသည်။
၃။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟိုအလုပ် အမှုဆောင်၊ ဗဟိုအဖွဲ့ခွဲ(၁)၊ ဒုဥက္ကဋ္ဌ မြို့နယ် ပညာရေးမှူး (ငြိမ်း)၊ ဆရာကြီး ဦးအောင်မြင့်မှ သင်တန်းဆင်း သင်ကြားရေးမှူးများကို မှာကြားပါသည်။
၎။ လက်ထောက်ကထိက (ငြိမ်း)၊ ဆရာမကြီး ဒေါ်လှလှကြီးမှ သင်တန်း တစ်ခုလုံးကို ခြုံငုံသုံးသပ် လျှောက်ထားပါသည်။
၅။ သင်တန်းသား/သူများကိုယ်စား ရန်ကုန်မြို့မှ သင်တန်းသူ ဒေါ်ခိုင်သဇင် က ကျေးဇူးတင်စကား လျှောက်ထားပါသည်။
၆။ သင်တန်းဆင်းလက်မှတ်များ အပ်နှင်းခြင်းနှင့် အလှူရှင်ဂုဏ်ပြု မှတ် တမ်းလွှာများ ပေးအပ်ပါသည်။
ရ။ လစဉ်အသင်းဝင် အလှူရှင်(Member) စာရင်းနှင့် အလှူရှင်သုံး ရှင်းတမ်းကို နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ဒု-ဘဏ္ဍာရေးမှူး ဒေါ်ဂျူလိုင်အောင်က ရှင်းလင်းတင်ပြပါသည်။
၈။ သာဓုအနုမောဒနာ ရေစက်ချ တရားတော်ကို ရန်ကင်းတောရ ဆရာတော် က ချီးမြှင့်ပါသည်။