မြတ်ဗုဒ္ဓ၏ အဆုံးအမများကိုအပတ်စဉ် တနင်္ဂနွေနေ့များ၌ မြန်မာနိုင်ငံ တစ်ဝန်း ဖွင့်လှစ်ထားရှိသည့် ဓမ္မကျောင်းတာ်များတွင် သင်ကြားမည့် ဆရာ၊ ဆရာမများ အရည်အချင်းပြည့်မီလာစေရန်အတွက် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန ဓမ္မကျောင်းတော်နည်းပြဆရာဖြစ် သင်တန်းဌာနတွင် သင်တန်း များ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၇/၂၀၁၄) ကို ဇူလိုင်လ(၃) ရက်နေ့မှ (၁၃)ရက်နေ့အထိ ဖွင့်လှစ်မည်ဟု သိရပါသည်။
အဆိုပါသင်တန်းသို့ ရန်ကုန်မြို့မှ (၁၇)ယောက်၊ ပြင်ဦးလွင်မြို့မှ (၇)ယောက်၊ နောင်ချိုမြို့မှ (၆) ယောက်၊ ကြို့ပင်ကောက်မြို့မှ (၈)ယောက်၊ ပြည်မြို့မှ (၁)ယောက်၊ နေပြည်တော် လယ်ဝေးမြို့နယ်မှ (၁၅)ယောက်၊ မြို့လှမြို့မှ (၂)ယောက်၊ မန ္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့မှ (၁)ယောက်၊ ရေတာရှည်မြို့မှ (၇)ယောက်၊ ရမည်းသင်းမြို့မှ (၅)ယောက်၊ သာဝတ္ထိမြို့မှ (၄)ယောက်စုစုပေါင်း (၇၂) ဦးတက်ရောက်လျှက် ရှိပါသည်။ ဤသင်တန်းတွင် ကလေးဗဟိုပြုချဉ်းကပ်သင်ကြားနည်း (Child-Centred Approach) CCA ချဉ်းကပ်သင်ကြားနည်းစနစ်ဖြင့် မြတ်ဗုဒ္ဓ၏ ဒေသနာတော်ကို သင် ကြား မည်ဖြစ်ပါသည်။
CCA နည်းဖြင့်သင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့သင်ကြားပို့ချလျက်ရှိသော တနင်္ဂနွေ ဓမ္မကျောင်းတော်များတွင် ဗုဒ္ဓဘာသာဝင်ရင်သွေးငယ်များအား လက်တွေ့ ပြန်လည် အသုံးချ သင်ကြား ပေးနိုင်ရန် ရည်ရွယ်ကြောင်းသိရပါသည်။
ထို့အပြင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာများသာမက ဓမ္မကျောင်းတော်တစ်ကျောင်း ဖြစ်မြောက်ရုံမက နိုင်ငံတစ်ဝန်းထွန်းကားပြန့်ပွားနိုင်ရန် ရပ်ကွက် ကျေးရွာ ကော်မတီဖွဲ့စည်းပုံနှင့် ရေရှည်တည်တံ့ ခိုင်မြဲနိုင်အောင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ စီမံခန့််ခွဲမှုဆိုင်ရာ ဘာသာရပ်များနှင့် ကျန်းမာရေးဆိုင်ရာပညာဗဟုသုတများကိုလည်းသင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရပါသည်။
ကိုဇေ (နေပြည်တော်)