မာတိကာ
ဓမ္မကျောင်းတော်နှစ်ပတ်လည်း အစည်းအဝေးပွဲကျင်းပမည်
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ (၁)၊ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြဆရာဖြစ်သင်တန်းဌာန၏ ဓမ္မကျောင်းတော်နှစ်ပတ်လည် အစည်းအဝေးပွဲ (၂၀၁၄) ကို နေပြည်တော်တွင် ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးပွဲတစ်ရပ် သင်တန်းဌာန အစည်းအဝေးခန်းမတွင် အောက်တိုဘာလ (၆) ရက်နေ့ညနေ(၂း၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟိုအတွင်းရေးမှူး (၂) ဆရာတော်၊ ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြဆရာဖြစ်သင်တန်းဌာန၊ သြဝါဒစရိယရန်ကင်းတောရ ဆရာတော်မှ ယခုကဲ့သို့ ညီလာခံများ နှစ်ပတ်လည်အစည်းအဝေးပွဲများ ကျင်းပရခြင်း၏ ပဓာနရည်ရွယ်ချက်မှာ တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာရေးအတွက် နည်းလမ်းများ ဆန်းသစ်ရန် လက်ရှိသင်ကြားနေသည့် ကျောင်းများ၏အုပ်ချူပ်ရေး သင်ကြားရေးအခက်အခဲများကို ဖြေရှင်းပေးရန်အတွက်ဖြစ်ကြောင်း မိန့်ကြားတော်မူပါသည်။
ထို့နောက် နှစ်ပတ်လည်အစည်းအဝေးပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ (၁၂) ခုမှ ခေါင်းဆောင်များ ပညာရှင်များက လုပ်ငန်းအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိပ်ဆွေနွေးကြပါသည်။ ဓမ္မကျောင်းတော် နှစ်ပတ်လည် အစည်းအဝေးပွဲကို နိုဝင်ဘာလ (၁၅) ရက်နေ့တွင် နေပြည်တော် မင်္ဂလာဗျူဟာ ခန်းမတွင် ဖြစ်ကြောင်းသိရှိရပါသည်။
283 total views, 1 views today