မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ထေရာဂုဏ်ရည်ကျောင်းတိုက်၊ ရုံးဆိပ်တောင်ေa (68)

a (41)ကျးရွာတွင် သြဂုတ်လ(၂)ရက်နေ့၌ ဓမ္မကျောင်းတော်ပေါင်း (၅)ကျောင်း စုပေါင်းဖွင့်လှစ်ခဲ့ပါသည်။
၎င်းဖွင့်ပွဲကို မြတ်စွာဘုရားရှင်အား နမောတဿ မဟာပဏာမ ဘုရားရှိခိုး(၃)ကြိမ် ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သံဃနာယက အကျိုးတော်ဆောင်ဆရာတော်မှ ထိုဖွင့်ပွဲသို့ တက်ရောက်ကြသော ကျေးရွာဒေသခံများ၊ ရပ်မိရပ်ဖများနှင့် ဆရာ/ဆရာမများအား (၅)ပါးသီလချီးမြှင့်ပြီး သြဝါဒစကား မိန့်ကြားတော်မူပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေးအဖွဲ့၏ ဥက္ကဌဆရာတော်၊ မဟာဝိသုဒ္ဒါရုံ နာယကဆရာတော်မှ သြဝါဒစကားချီးမြှင့်ပါသည်။
မကွေးတိုင်းဒေသကြီး၊ ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကား ပြန့်ပွားရေး အဖွဲ့၏ ဥက္ကဌ တောင်တွင်းဦးဝင်းလေးမှ ဓမ္မကျောင်းတော်ဆိုင်ရာများကို လျောက်ထားတင်ပြပြီး အဖွဲ့ဝင် ဦးဉာဏ်ရှိန်မှ အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ (ဗဟို) အလုပ်မှုဆောင် အဖွဲ့ဝင်ဆရာတော် ၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ နာယက ရှင်စန္ဒိမာမှ ဓမ္မကျောင်းတော် (၅)ကျောင်းအား အသိမှတ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 606 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *