ဓမ္မကျောင်းတော်သင် ဆရာ၊ဆရာမများအား အရည်အချင်းမြှင့်သင်တန်းများဖွင့်လှစ်
မြန်မာနိုင်ငံအနှံ့အပြားတွင် ဓမ္မကျောင်းတော်များ၊ ဓမ္မစကူးလ်သင်တန်းများ၊ ယဉ်ကျေးလိမ္မာ သင်တန်းများ အများအပြားကို အပတ်စဉ် တနင်္ဂနွေနေ့များ၌ ဖွင့်လှစ်လာကြပါသည်။ အဆိုပါ သင်တန်းများ ရေရှည် တည်တံ့အောင်မြင်ရန်၊ ဆရာ၊ဆရာမများ အရည်အချင်း မြှင့်တင်ပေးရန်နှင့် ဖြစ်ပေါ်လာသော အခတ်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ဦးဆောင်ဆရာတော် များက မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့(ဗဟို)ကို ဖွဲ့စည်းကာ သာသနာပြုလုပ်ငန်းကို တိုးမြှင့် ဆောင်ရွက် လျှက်ရှိပါသည်။
ဗဟိုအဖွဲ့မှ ဦးဆောင်ပြီး မန္တလေးယဉ်ကျေးလိမ္မာစင်တာနှင့် နေပြည်တော်ယဉ်ကျေးလိမ္မာ စင်တာ(ဗဟိုခွဲ-၁)တို့၌ တစ်လလျှင် နည်းပြဆရာဖြစ်သင်တန်း တစ်ကြိမ်စီဖွင့်လှစ် သင်ကြားလျှက်ရှိရာ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၌ စက်တင်ဘာ(၄)ရက်မှ (၁၄)ရက်နေ့အထိ နည်းပြ ဆရာဖြစ်သင်တန်း အမှတ်စဉ်(၉)ကို ဖွင့်လှစ်သင်ကြားနေပါသည်။
၎င်းသင်တန်းမှ လုပ်ငန်းတစ်ခုအောင်မြင်ရန် မရှိမဖြစ်လိုအပ်သည့် စီမံခန့်ခွဲမှုပညာရပ်ဆိုင်ရာ သင်ခန်းစာများ၊ မြတ်ဗုဒ္ဓ၏ တရားတော်များ၊ IT ဗဟုသုတများနှင့် ကျန်းမာရေးဗဟုသုတ များကိုသင်ကြားပေးနေပါသည်။ သင်ခန်းစာကို သင်တန်းသားများ ပူးပေါင်းပါဝင်နိုင်စေရန် စင်တင်စကားပြောပွဲများ၊ စကားရေလုပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများဖြင့် သင်ကြားပေးနေပါသည်။
CCAကို အခြေခံကာ ၂၀၁၄ခုနှစ် စက်တင်ဘာလအထိ ဤသင်တန်းဌာနအနေဖြင့် နည်းပြဆရာဖြစ်သင်တန်း၊ ဆရာ၊ဆရာမမွမ်းမံသင်တန်း၊ လူငယ်ယဉ်ကျေးမှုသင်တန်း များ စုစုပေါင်း (၅)ကြိမ် ဖွင့်လှစ် သင်ကြားပြီးဖြစ်ပါသည်။ အဆိုပါသင်တန်းမှ မြန်မာနိုင်ငံတစ်ဝန်းလုံး ဆရာ၊ဆရာမ စုစုပေါင်း (၇၈၄၂)ကို မွေးထုတ် နိုင်ခဲ့ပြီဖြစ်ပါသည်။
သင်တန်းတက်ရောက်လိုသူများ သင်တန်းကျောင်း၏ရုံးခန်း ၀၉-၄၃၀ ၇၅၇၀၄၊ ၀၉-၈၃၀ ၄၄၄၆နှင့် Onlineမှ လျှောက်ထားလိုသူများ office@dhammatrainingcenter.comသို့ ဆက်သွယ်လျှေက်ထား နိုင်ပါသည်။
ကိုဇေ (နေပြည်တော်)
237 total views, 1 views today