IMG_6707

IMG_6698

IMG_6701
ပြင်ဦးလွင်မြို့နယ် ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့် တည်တံ့ပြန့်ပွားရေး အဖွဲ့တည်ရာမြို့နယ်ရုံးတွင် ဧပြီလ(၃၀)ရက်စနေနေ့ ညနေ ၃နာရီအချိန်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ အတွင်းရေးမှူးဆရာတော်၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာနှင့် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ်သင်တန်းဌာန၏ သြဝါဒါစရိယ နေပြည်တော်ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၏ ပဓာနနာယက ရန်ကင်းတောရ ဆရာတော်၊ မိုးညိုဆရာတော်ဘုရား၊ ပါရမီဆရာတော်ဘုရားနှင့် နာယကလူကြီးများ၊ ဥက္ကဌဆရာဦးစံငြိမ်းနှင့် ကော်မတီ ဝင်များ၊ ဆရာဆရာမများစုံလင်စွာတက်ရောက်ကြပါသည်။
အစည်းအဝေးတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ဆရာဆရာမမွမ်းမံ သင်တန်းဖွင့်လှစ်ရေး၊ သင်ကြားနည်းစနစ်ပိုမို ကောင်းမွန်ထိရောက်ရေး၊ ဆရာ/ဆရာမ များ၏ အရည်အသွေး အစဉ်ထက်မြက် ရေး၊မိုးကုတ်မြို့တွင်ကျင်းပမည့် ယဉ်ကျေး လိမ္မာညီလာခံတက်ရောက်ရန်ကိုယ်စားလှယ်ရွေးချယ်ရေးစသည်တို့ကို အကျယ်တ၀င့် ဆွေးနွေးဆုံးဖြတ်ကြပါသည်။

 391 total views,  1 views today

By admin

Leave a Reply

Your email address will not be published.