Zawgyi/unicode

 


 


 



ထို့နောက်  ဓမ္မကျောင်းတော်သင်ကြားရေးအတွက် Covid-19 ကာလအတွင်း ဖြစ်ပေါ် ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများနှင့် နောင် Covid-19 ကာလအလွန်တွင် ဖြစ်ပေါ် လာနိုင်သည့် ရင်ဆိုင်ရမည့် အခြေအနေများကို သုံးသပ်ကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် ဆွေးနွေး တိုင်ပင်ခဲ့ကြပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ social distancing ထားကာ လက်များကို စနစ်တကျ ဆေးကြောခြင်း Mask များကို စနစ်တကျ တပ်ဆင်ခြင်းများ ပြုလုပ်ပြီး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ပါသည်။

 

unicode

ဓမ္မကျောင်းတော်များတွင် Online စနစ်ဖြင့် သင်ကြားပို့ချနိုင်ရန် ဆွေးနွေး

 

         ၂၀၂၀-ခုနှစ် ဇွန်လ (၂) ရက်နေ့တွင် ပြင်ဦးလွင်မြို့ သိမ်အင်းကျေးရွာ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့အတွင်းရေးမှူး ရန်ကင်းတောရဆရာတော် နှင့် အလုပ်အမှုဆောင်ဆရာတော်များ ပြင်ဦးလွင် ဓမ္မကျောင်းတော် သင်ကြားရေး ဆရာ ဆရာမများနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများမှ ဓမ္မကျောင်းတော်များတွင် Online စနစ်ဖြင့် သင်ကြားပို့ချနိုင်ရန် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။

 

         အဆိုပါအစည်းအဝေးတွင် နိုင်ငံတကာတက္ကသိုလ်အသီးသီးမှ online စနစ်ဖြင့် ပို့ချလျက် ရှိသော သင်တန်းများ၊ သင်ကြားရေးနည်းစနစ်များ အကြောင်းကို ဦးစွာဆွေးနွေးခဲ့ပြီး ဓမ္မကျောင်းတော် သင်ခန်းစာများကို သက်ဆိုင်ရာ website များ App များ social network များမှ တစ်ဆင့် online စနစ်ဖြင့် သင်ကြားနိုင်ရေးကို အဓိထား ဆွေးနွေးခဲ့ပါသည်။

         ထို့အပြင် ဓမ္မကျောင်းတော် ဆရာဖြစ်သင်တန်းများကို online စနစ်ဖြင့် သင်ကြား ပို့ချနိုင်ရန် လည်း ဆွေးနွေးခဲ့ကြပါသည်။

 155 total views,  5 views today

By admin

Leave a Reply

Your email address will not be published.