ဓမ္မကျောင်းတော် ဆရာထံပါးတိုင်မယ်

အမည်           မောင်ဟိန်းထက်စိုး(သူငယ်တန်း)

အဖအမည်      ဦးငယ်မောင်+ဒေါ်ခင်စန်းလှ

နေရပ်            ကြာကန်၊ သစ်ကြိမ်းအုပ်စု

သားဓမ္မကျောင်းတော်တက်ပြီးမှ ထိခြင်းငါးဖြာနဲ့ ဘုရားရှိခိုးတတ်ပြီး ညစဉ်ညတိုင်း ဆီမီးပူဇော်တာ ရေချမ်းကပ်တာတွေကိုပါ လုပ်ပါတယ်။

သားရှေ့မှာ လူကြီးတွေက လိမ်ပြောပါတယ်ခင်ဗျာ။ သားကတော့ မုသာဝါဒကံ ထိုက်လိမ့်မယ်လို့ ပြောပြပါတယ်ခင်ဗျာ။ အမေ ငါးဟင်းချက်တဲ့အခါ ငါးသေကောင်ကြီးကို ဓါးနဲ့ခုတ် ပါတယ်ခင်ဗျာ။ သားက သူ့အသတ်သတ်တယ်ဆိုပြီး အမေကို ဆရာတော်နဲ့ တိုင်မယ် လို့ ပြောပြခဲ့တဲ့အကြောင်း မိခင်ကပြောပြပါတယ်။

မှတ်တမ်းပေးပို့သူ- ဆရာမ ဒေါ်ခင်စန်းလှ

ဓမ္မကျောင်းတော်က အဆုံးအမကြောင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုနေထိုင် တတ်ပါပြီ

အမည်           မအေးချမ်းမေ (ဆဋ္ဌမတန်း)

မိဘအမည်      ဦးဘဉာဏ် + ဒေါ်ရွယ်တောင်

နေရပ်            ကျော်မဲမြို့ (၇) ရပ်ကွက် နယ်မြေ(၁)

သမီးနာမည်ကတော့ မအေးချမ်းမေဖြစ်ပါတယ်ရှင်။ သမီးကတော့ ဆဋ္ဌမတန်းမှာ ပညာသင်ကြား နေပါတယ်ရှင်။

သမီးက ကချင်ပြည်နယ်က ပြေားလာတာဖြစ်ပြီး မေမေက ခရစ်ယာန်ဘာသာကို ကိုးကွယ်တာပါရှင်။

ဒါပေမယ့် သမီးက ဓမ္မကျောင်းတော်ကို လိုက်တက်ပါတယ်ရှင်။ ဆရာမတွေသင်ပေးတဲ့ ဓမ္မစာပေတွေ လိုက်ဆိုရတာ အရမ်းပျော်ပါတယ်ရှင်။ သမီးဓမ္မကျောင်းတော် တက်ရတာတက် ရတာ ပျော်စရာကောင်းပြီး ဘုရားစာတွေ လည်းရပါတယ်ရှင်။ ခုဆိုရင် သမီးက ဓမ္မကျောင်းတော် ကသင်ပေးတဲ့ အဆုံးအမတွေရပြီး ယဉ်ယဉ်ကျေးကျေး ပြောဆို နေထိုင်တတ်နေပါပြီရှင်။

မှတ်တမ်းပေးပို့သူ – ဆရာမ ဒေါ်လှလှရီ

 

ငှက်ကလေးတွေ၊ ပုတ်သင်ညိုလေးတွေကို လေးဂွနဲ့မပစ်တော့ပါဘူး

အမည်           မောင်ဇွဲထက်အောင် (သတ္တမတန်း)

မိဘအမည်      ဦးအောင်ကျော်မင်း + ဒေါ်ချိုသဲ

နေရပ်            ကြာကန်၊ သစ်ကြိမ်အုပ်စု

သားဓမ္မကျောင်းတော်ကို မတက်ခင်က သြကာသကို ဆိုနေပေမယ့် သြကာသရဲ့ အဓိပ္ပါကိုလဲ မသိပါခင်ဗျာ။ ထိခြင်းငါးဖြာလည်း မသိပါ။ ပေါက်ဆိန်ပေါက်သလိုပဲ ကန်တော့ပါတယ်ခင်ဗျာ။

ခုဓမ္မကျောင်းတော်တက်ပြီးမှ သြကာသရဲ့ အဓိပ္ပါယ်ကို သိလာပါပြီခင်ဗျာ။ ထိခြင်းငါးပါးနဲ့လည်း ကန်တော့တက်လာပါပြီခင်ဗျာ။

လူကြီးသူမတွေနဲ့ တွေ့တဲ့အခါမှာလည်း လက်အုပ်လေးချီပြီး ခေါင်းငုံ့သွားပါတယ်ခင်ဗျာ။ ဓမ္မကျောင်းတော် မတက်ခင်က ငှက်ကလေးတွေကိုလည်း လေးခွနဲ့ ပစ်လေ့ရှိပါတယ် ခင်ဗျာ။ ဓမ္မကျောင်းတော် တက်ပြီးမှ သားဒီလို မကောင်းတဲ့ အလုပ်ကို မလုပ်တော့ပါဘူးခင်ဗျာ။

မှတ်တမ်းပေးပို့သူ – ဆရာမ ဒေါ်သဲဝါ

 

<h4>ထွက်ကျနေတဲ့ ပိုက်ဆံအိတ်ကို ပိုင်ရှင်စီ ပြန်ပေးခဲ့ပါတယ်</h4>

အမည်           မောင်ကောင်းမြတ်သူ (စတုတ္တတန်း)

မိဘအမည်      ဦးမြင့်အောင် + ဒေါ်သန်းအေး

နေရပ်            ဗွတ်ကြီးရိုး

သားဓမ္မကျောင်းတော် တက်ပြီးမှ နေ့စဉ် ဘုရားသောက်တော်ရေ ကပ်ပါတယ်။ ဘုရားရှိခိုး ပါတယ်ခင်ဗျာ။

အိမ်ကို အထည်လာရောင်းတဲ့ အထည်သည်အဒါ်ကြီးက သားတို့အိမ်မှာ ပိုက်ဆံထုတ်ရေရင်း (၅၀၀၀) ကျပ်တန် တစ်ရွက် ထွက်ကျနေပါခဲ့ပါတယ် ခင်ဗျာ။ သားက အဲဒီငွေကျခဲ့တာကို မြင်လိုက်တယ်။ ဒါ့ကြောင့် အဒေါ်ကြီး နောက်ကို လိုက်ပြီး ရိုရိုသေသေလက်နှစ်ဖက်နဲ့ ငွေငါးထောင်ကို ပြန်ပေးခဲ့ပါတယ် ခင်ဗျာ။

မှတ်တမ်းပေးပို့သူ – ဆရာမ ဒေါ်ကေသီဦး

 

ငါးမရှာတော့ပါဘူးလို့ ဆရာမကို ကတိပေး

အမည်           မောင်ကျော်ဇင်အောင် (တတိယတန်း)

မိဘအမည်      ဦးထွန်းလင် + ဒေါ်နီနီခိုင်

နေရပ်            ကြာကန် + သစ်ကြိမ်းအုပ်စု

သားက ဓမ္မကျောင်းတော်တက်ပြီးမှ ကိုယ်အမူအယာ၊ နှုတ်အမူအယာတွေကို ယဉ်ကျေးအောင် ထားတတ်လာပါတယ်ခင်ဗျာ။

သို့သော် သားက ငါးဖမ်းရတာကိုတော့ သိပ်ကို ဝါသနာပါပါတယ်။ တနင်္ဂနွေနေ့ တစ်နေ့မှာ ဓမ္မကျောင်းတော် မတက်ဘဲ ငါးသွားနှိုက်မိပါတယ်။

ဓမ္မကျောင်းတော်က ပြန်လာတဲ့ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါမှာ ဓမ္မကျောင်းတော်မတက်ဘဲ ငါးသွားနှိုက်မိတဲ့သားကို လှောင်ပြောင် သရော်ကြလို့ သားမျက်ရည် ပေါက်ပေါက်ကျပြီး ငိုမိပါတယ်။ အဲ့ဒီနောက်ပိုင်း ဓမ္မကျောင်းတော်ကို မှန်မှန်တက်ပြီး ငါးမနှိုက်တော့ပါဘူးလို့ ဓမ္မကျောင်းတော်သင်တဲ့ ဆရာမကို ကတိပေးခဲ့ပါတယ် ခင်ဗျာ။

မှတ်တမ်းပေးပို့သူ – ဆရာမ ဒေါ်ခင်စန်း

 

စာအုပ်ကြားမှ ငွေများကို ပိုင်ရှင်ထံ ကိုယ်တိုင် ပြန်အပ်ခဲ့ပါတယ်

အမည်           မောင်အောင်မျိုးမင်း (အဋ္ဌမတန်း)

မိဘအမည်      ဦးဟိန္ဒူ + ဒေါ်မြင့်သန်း

နေရပ်            ကွင်းရွာ + မြို့သစ်မြို့နယ်

သား ဓမ္မကျောင်းတော်ကို ၂၀၁၂ ခုနှစ်မှာ သတ္တမတန်းစာသင်စဉ်က သားတို့ရွာဖြစ်တဲ့ ကွင်းရွာ ရွာဦးကျောင်းမှာ သင်ကြားခဲ့ပါတယ်ခင်ဗျာ။

၂၀၁၃ ခုနှစ်မှာတော့ ဝါကြီးအိုင် အ.ထ.က ကျောင်းမှာ စာသင်ရပါတယ်ခင်ဗျာ။

သားတို့ နေတဲ့အိမ်မှာ သားတို့ရွာက ကျောင်းသား (၄)ဦးနှင့်အတူ နေခဲ့ပါတယ်ခင်ဗျာ။ သားတို့အိမ်ရှင် အဒေါ်ကြီးဆီကို သူ့သမီးက ရန်ကုန်ကနေ ငွေလွှဲလိုက်ပါတယ်။ ငွေကို အဒေါ်ကသုံးစွဲပြီး ကျန်တာကို သားစာအုပ်ထဲ သိမ်းထားခဲ့ပြီး မေ့သွားဟန်တူပါတယ်။ ကျောင်းပိတ်လို့ ရွာပြန်လာပြီး ၁၅ ရက်ကြာမှ စာအုပ်ကြားထဲက ငွေတွေ့လို့ ကိုယ်တိုင်ပေးပို့ အပ်နှံခဲ့ပါတယ်ခင်ဗျာ။

မှတ်တမ်းပေးပို့သူ – ဆရာဦးကျော်အေး

Loading

By admin