
နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရပရိယတ်ပဋိပတ် ဌာနတွင် ရန်ကင်းတောရဆရာတော်မှ အဘိဓမ္မာနှင့် ၀ိသုဒ္ဓိမဂ် သင်တန်းကို ယနေ့ (၂၃.၁၀.၂၀၁၆) တနင်္ဂနွေနေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် သင်ကြားပို့ချပေး ပါသည်။
“အနုရက္ခိံ မမ သီလံ၊ နာရက္ခိံ မမ ဇီဝိတံ။
သဗ္ဗညုတံ ပိယံ မယှံ၊ တသ္မာ သီလာ နုရက္ခိသာ”
ငါသည်ငါ၏သီလကိုစောင့်ရှောက်ခဲ့၏။ ငါ၏အသက်ကိုမစောင့်ရှောက်ခဲ့ချေ။
ငါသည် သဗ္ဗညုတဉာဏ်တော်ကြီးကို ချစ်မြတ်နိုးသောကြောင့် သီလကို အသက်ပေးပြီး စောင့်ရှောက်ခဲ့ခြင်းဖြစ်၏။
ရန်ကင်းတောရဆရာတော်မှ ၀ိသုဒ္ဓိမဂ်သီလ အခန်းတွင်လာရှိသည့် ပဉ္စက သီလ ခေါ် ငါးပါးစုသီလများ အကြောင်းကို အသေးစိတ် ရှင်းလင်း သင်ကြား ပေးတော်မူခဲ့ပါသည်။
ထို့ပြင်သီလ ဖြည့်ကျင့်သော စံပြပုဂ္ဂိုလ်များအကြောင်းကိုလည်း ယောဂီ များ အတုယူနိုင်ကြစေရန် သင်ကြားပေးတော်မူခဲ့ပါသည်။
မည်သည့်ကိုမှ မငဲ့ကွက်ဘဲ ဖြည့်ကျင့်သော သီလနှင့် တစုံတရာကို ငဲ့ကွက်ပြီး စောင့်ထိန်းသောသီလ ဟူ၍နှစ်မျိုးရှိကြောင်း၊ မိမိစောင့်ထိန်းသော သီလသည် စင်ကြယ်ရန် လိုအပ်ပါကြောင်း၊ ကိုယ်ကျင့်သိက္ခာ မရှိခဲ့လျှင် သူတော်ကောင်း မဖြစ်နိုင်ကြောင်းနှင့် တပည့်ယောဂီများအား သူတော် ကောင်းစိတ်ဓာတ် ထားရှိနိုင်စေရန်နှင့် ကျင့်နိုင်ကြစေရန် မိန့်ကြားတော် မူပါသည်။
ရှေးအစဉ်အဆက်မှ သူတော်ကောင်းတို့သည် စိတ်ဓာတ်ကောင်းများနှင့် နေသွားကြသည်ကို အတုယူကြရမည် ဖြစ်ပါကြောင်း၊ သူတော်ကောင်း တစ် ယောက်ဖြစ်နိုင်ရန် “တစ်စတစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နောင် ဆက်တိုင်း ကောင်း၏” ဟူသော အဆုံးအမနှင့်အညီ မိမိတို့ဘ၀ထဲတွင် ကျင့်သုံး နေထိုင်ရန် သင်ပြပေးတော်မူပါသည်။
211 total views, 1 views today