တတိယအကြိမ် ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေးလိမ္မာသင်တန်း
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာတွင် တတိယအကြိမ် ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေးလိမ္မာသင်တန်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၂) ရက်မှ မေလ(၄) ရက်နေ့ထိ ဖွင့်လှစ်ပါသည်။

သီလရှင် ယဉ်ကျေးလိမ္မာသင်တန်းကို ၂၂၊၄၊၂၀၁၉ မှ ၂၈၊၄၊၂၀၁၉ ထိလည်းကောင်း၊ ရှင်သာမဏေ ယဉ်ကျေးလိမ္မာ သင်တန်းကို ၂၂၊၄၊၂၀၁၉ မှ ၄၊၅၊၂၀၁၉ ထိလည်းကောင်း၊ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ပါသည်။
သင်တန်းသို့ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ဓမ္မကျောင်းတော်များမှ ကျောင်းသား (၄၀)ဦး၊ ကျောင်းသူ (၂၅)ဦး တို့သည် ရှင်သာမဏေနှင့် သီလရှင်ဝတ်ကြပါသည်။



www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။