ဘွဲ့အမည်- ဆရာလေးမစန္ဒီ

အသက်- ၁၂နှစ်

အတန်း- ၇တန်း (အ.ထ.က (၃) သပြေပင်)

ဆရာလေးမစန္ဒီ၏ အသိအမြင်တိုးတက်မှု
Dhamma Training Center

ဆရာတော်ဘုရားအား ရိုသေစွာလျှောက်ထားအပ်ပါတယ်ဘုရား။ တပည့်တော်မကတော့  “သားကောင်း၊ သမီးမြတ်ဖြစ်ချင်ပါတယ်’’ဆိုတဲ့ ခေါင်းစဉ်ကလေးကို အခြေခံပြီး ဗဟုသုတများစွာ ရရှိခဲ့ ပါတယ်ဘုရား။

ဆရာလေးမစန္ဒီ၏ အသိအမြင်တိုးတက်မှု
Dhamma Training Center
ဆရာလေးမစန္ဒီ၏ အသိအမြင်တိုးတက်မှု
Dhamma Training Center

          သူများရဲ့မုန့်ကို လုတဲ့ကလေးနဲ့ မိမိမုန့် အလုခံရလို့ ပြန်ရယူတဲ့ ကလေးမှာဆိုရင် ဘယ်သူမှ မမြတ်ပါ ဘူးဘုရား။ တပည့်တော်မသာ မုန့်လုတဲ့ကလေးနေရာမှာဆိုရင် ဗိုက်ဆာရင်ဖြစ်စေ၊ စချင် နောက်ချင် စိတ်နဲ့ ဖြစ်စေ လုပ်မိမယ်ဆိုရင် ဒီမုန့်ကို ငါစားလို့ဗိုက်ပြည့်သော်လည်း သူကတော့ ဗိုက်စာနေမှာဆိုပြီး မုန့်ရဲ့ပိုင်ရှင်ကို ပြန်အပ်ပြီး တောင်းပန်ပါမယ်ဘုရား။ ပြီးရင် ငါဗိုက်စာလို့ မုန့်နည်းနည်းလောက် ကျွေးပါလားဆိုပြီး ယဉ်ကျေးစွာ ပြောဆိုပါမယ်ဘုရား။

           တပည့်တော်မက မုန့်အလုခံရတဲ့ကလေးဆိုရင်တော့ “သြော်…. သူ့ခမျာ မုန့်ဖိုးမပါလို့ ဗိုက်အရမ်း ဆာလို့ အရဲစွန့်ပြီးတော့ လာလုတယ်။ ကိုယ်က ပြန်ပေးစမ်း ဘာညာ ကြိမ်းမောင်းပြီး၊ ဆရာနဲ့ တိုင်မယ်၊ ဆရာမနဲ့ တိုင်မယ်လို့ မလုပ်ဘဲ။ အို…. ငါ မုန့်တစ်ခုမစားရလို့ ဘာမှမဖြစ်ဘူး နောက်တစ်ခု ၀ယ်လို့ရတယ်။ သူ့ခမျာတော့ ဗိုက်ဆာနေတော့မယ်ဆိုပြီး စေတနာ၊ ကရုဏာရှေ့ထားပြီး ကိုယ်ချင်းစာပြီး ပေးလိုက်မယ်ဘုရား။ နောက်နောင်လည်း မိမိမှာရှိတဲ့မုန့်ကို သူငယ်ချင်းတွေကို ပေးစားပါမယ်ဘုရား။

          မျောက်မင်းနေရာမှာဆိုရင် မျောက်မင်းလို စိတ်ထားမျိုးက ရှားပါတယ်ဘုရား။ ကိုယ်သေလုနီးပါး ဖြစ်အောင် လုပ်ထားတဲ့ ပုဏ္ဏားကို ရွာရောက်အောင်တောင် ပို့ပေးပါတယ်ဘုရား။ အရမ်းကိုစိတ်ထားမြင့်မြတ် ပါတယ်ဘုရား။ အားကျအတုယူစရာ ကောင်းလှပါတယ်ဘုရား။

          ဘယ်သူမဆို သံသရာဝဋ်ဆင်းရဲကနေ ရဟန္တာမဖြစ်မချင်း လွတ်မှာမဟုတ်ပါဘူးဆိုတာ တရားထဲ နာကြားဖူးပါတယ်ဘုရား။ ဘယ်သူမဆို တဏှာဆိုတဲ့ ရေကို သောက်ပြီး ကုသိုလ်၊ အကုသိုလ်ရဲ့ဝန်ထုပ်တွေကို ထမ်းကာ သံသရာခရီးဆက်နေကြရတာပါဘုရား။

          ဒါကြောင့် ဘယ်ဘုံဘ၀ရောက်ရောက် စိတ်ထားကောင်းလေးရှိကြပါစေ။ ကျန်းမာကြပါစေ။ ချမ်းသာ ကြပါစေ။ နှစ်ဖြာသောသုခနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးရင်း နိဂုံးချုပ်အပ်ပါတယ်ဘုရား။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

 

 175 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *