နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရှင်သာမဏေနှင့်သီလရှင်သင်တန်းမှ အသိအမြင်တိုးတက်မှုများ
ဘွဲ့အမည်- ဆရာလေးမစန္ဒာ
အသက်- ၁၃နှစ်
အတန်း- အဋ္ဌမတန်း (အ.ထ.က (၅) ပျဉ်းမနား)

ဆရာတော်ဘုရား တပည့်တော်ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ ဆရာတော်ဘုရား ပြောပြ လိုက်တဲ့ မိဘအပေါ်ဂျီမကျသင့်ဘူး၊ ဗိုလ်မကျသင့်ဘူး၊ စိတ်မကောက်သင့်ပါဘူးဆိုတာကို အသိတိုးခဲ့ရပါတယ်ဘုရား။ တပည့်တော် မသိခင်တုန်းက အဲ့ဒါတွေလုပ်ခဲ့ပါတယ်ဘုရား။
တပည့်တော် စားချင်တဲ့အရာ၊ လိုချင်တဲ့ အရာတွေ မရဘူးဆိုရင် တပည့်တော် စိတ်အလို မကျ ဖြစ်ခဲ့ပါတယ်ဘုရား။ တပည့်တော် သူငယ်ချင်းတွေနဲ့လည်း စကားပြောတာတွေ အဆင်မပြေတာတွေ စိတ်အလိုမကျရင် စိတ်ကောက်မိပါတယ်ဘုရား။ တပည့်တော်ရဲ့ညီမလေးက တပည့်တော်ကို အလျော့ ပေးပြီး စကားလာစပြောတော့ တပည့်တော် အကြီးမပီသတာကို တွေးပြီး ရှက်မိပါတယ်ဘုရား။

အခုမှ တပည့်တော် မိဘများအတွက် နားလည်လာပါတယ်ဘုရား။ တပည့်တော်ရဲ့ ညီမလေးကိုလည်း တပည့်တော် မချစ်ဘူးထင်ပေမယ့် ချစ်ပါတယ်ဘုရား။
ဆရာတော်ဘုရားဟောပြောတဲ့ မျောက်မင်းနှင့် ပုဏ္ဏားပုံပြင်မှာလည်း မျောက်မင်းဟာ ပုဏ္ဏားအတွက် သနားစိတ်၊ မေတ္တာစိတ်နဲ့ စဉ်းစားပေးသလို တပည့်တော်တို့ မိဘများဟာလည်း တပည့်တော်တို့ သားသမီးတွေအတွက် မေတ္တာစိတ်၊ ကရုဏာစိတ်နဲ့ စဉ်းစားပြီး တပည့်တော်တို့အတွက် ငွေရှာတယ် ဆိုတာကို သိရပါတယ်ဘုရား။

တပည့်တော်အရင်က မသိလို့ လုပ်ခဲ့မိပေမယ့် အခုတော့ သိသွားပြီဖြစ်တဲ့အတွက် မလုပ်မိအောင် ကြိုးစားပါတော့မယ်ဘုရား။ တပည့်တော်တို့ ပတ်ဝန်း ကျင်အတွက် မြင့်မြတ်တဲ့အလုပ်တွေ လုပ်နိုင်တဲ့လူဖြစ်စေပြီး မိဘများအပေါ် တာဝန်ကျေပွန်တဲ့ ဂုဏ်ယူနိုင်သော လိမ္မာတဲ့သမီး ရတနာလေးဖြစ်အောင် ကြိုးစားပါမယ်ဘုရား။ တပည့်တော်၏ရေးသားချက်ကို ဒီနေရာမှာတင် နိဂုံးချုပ်အပ်ပါတယ်ဘုရား။
www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
179 total views, 5 views today