ရန်ကင်းတောရကျောင်း (အပိုင်း-၄)
ထို့နောက် အရှင်ခေမာနန္ဒ (ဗြာဟ္မဏ) အား ရန်ကင်းတောရသို့ပင့်နိုင်ရန် လယ်ဝေးမြို့နှင့် ပျဉ်းမနားမြို့တို့မှ ဒါယကာ၊ ဒါယိကာမတို့က သပြေပင် မှန်ကျောင်းဆရာတော် ဘဒ္ဒန္တနေမိန္ဒထံပါးနှင့် ကျေးဇူးရှင် သက်တော်ရှည် နဘူးကျင်း ရန်ကင်းတောရ ဆရာတော်ထံတော်ပါး တောင်းပန်လျှောက်ထား ကြပါသည်။ ဆရာတော် ဘုရားကြီးနှစ်ပါးတို့မှ အထူးလိုလား နှစ်သက်တော် မူကြပြီး အမြန်ဆုံးပင့်ရန် သြ၀ါဒ ပြုတော်မူပါသည်။ ထို့ကြောင့် ရန်ကုန်မြို့ ရွှေဥမင်ဆရာတော်ဘုရားကြီး ထံတော်ပါး ၀ိပဿနာတရား နည်းခံကာ တရားအားထုတ်တော်မူနေသည့် နဘူးကျင်း ဆရာတော်ဘုရားကြီး၏ တပည့်တစ်ပါးဖြစ်သည့် ဆရာတော် အရှင်ခေမာနန္ဒ (ဗြာဟ္မဏ)အား(၂၀၀၂) ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကင်းတောရကျောင်းသို့ ပင့်ဆောင် ခဲ့ကြပါသည်။
42 total views, 1 views today