မောင်ဂျင်မီထွန်း၏ ရင်တွင်းစကားသံ
www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။
“ကိုယ်လုပ်တဲ့ လုပ်ရပ်က အကောင်းဆုံးစိတ်ထားနှင့် အကောင်းဆုံးအရည်အချင်းကို ဖော်ပြနေတာ ဖြစ်ရမယ်’’ ဆိုတဲ့ အဆုံးမကို မရခင်တုန်းက အလုပ်တစ်ခုကို စိတ်ပါရင်တော့ ကောင်းကောင်းမွန်မွန် လုပ်ပါ တယ်ဘုရား။ စိတ်မပါဘူးဆိုရင်တော့ ဖြစ်သလိုပဲ လုပ်လိုက်ပါတယ်ဘုရား။ စိတ်ထားတွေ အရည်အချင်းတွေက အလုပ်နဲ့ဆိုင်တယ်လို့လဲ မတွေးမိခဲ့ပါဘူးဘုရား။ ဒီအဆုံးအမကို ရပြီးနောက်ပိုင်း မှာတော့ ဒီအဆုံးမဟာ ဘ၀နဲ့တသားတည်းကျလာတယ်လို့ ခံစားရပါတယ်ဘုရား။ နောက်ပိုင်း ကိုယ်လုပ်တဲ့ လုပ်ရပ်တွေပေါ်မှာ ကိုယ်ရဲ့စိတ်ဓါတ်တွေ အရည်အချင်းတွေ ဥာဏ်စွမ်း ရှိသလောက် ကိုယ်စွမ်းရှိသလောက် လေးလေးနက်နက်တွေးပြီး ကြိုးစားတတ်လာပါပြီဘုရား။
“လိုအပ်တာနဲ့ လိုချင်တာ ခွဲခြားတတ်ရမယ်’’ လို့ ဆုံးမမှုကြောင့် အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် လုပ်ချင်လို့ လုပ်နေတာလား၊ လုပ်သင့်လို့လုပ်နေတာလားဆိုတာ အရင်စဉ်းစားမိပါတယ်ဘုရား။ ရန်ကင်းတောရကို ရောက်ပြီးမှ သီလပိုင်းမှာလည်း အထူးသိသာလာပါတယ်ဘုရား။ ခုဆို အိမ်မက်ထဲမှာတောင် ပိုးကောင်လေးတွေ အသက် သတ်မိရင်တောင် စိတ်တွေ ပူနေတယ်ဘုရား။
ဆင်းရဲ့သားတို့ရဲ့ လက်နက်က ရိုးသားခြင်းဆိုတဲ့ ရန်ကင်းတောရဆရာတော်ဘုရားရဲ့ သြ၀ါဒကြောင့် လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါနဲ့ လုပ်ငန်းဆောင်တာတွေမှာ လူအများရဲ့ယုံကြည်မှု အားကိုမှုနဲ့ မျက်နှာ ပွင့်လန်းခြင်းတို့ကို ရရှိပါတယ်ဘုရား။ လွတ်လပ်ပေါ့ပါးတာကိုလည်း ခံစားရပါတယ်ဘုရား။ နောက်နောင်လည်း ဒီထက် ကောင်းသည်ထက် ကောင်းအောင် ပြုပြင်နေထိုင်သွားပါမယ်ဘုရား။
မောင်ဂျင်မီထွန်း B.E (E.P)
ရန်ကင်းတောရ ကပ္ပိယ
