ကုသလော ဓမ္မော ကုသလဿ        စ အဗျာကတဿ       စ ဓမ္မဿ        အာဟာရပစ္စယေန ပစ္စယော။(ကု၊ ကု၊ ဗျာ-၃)

Kusalo dhammo kusalassa ca abyākatassa ca dhammassa āhārapaccayena paccayo.

ကုသိုလ်တရားသည် ကုသိုလ်တရားအားလည်းကောင်း၊ အဗျာကတတရားအားလည်းကောင်း အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

ကုသလာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။

kusalā āhārā sampayuttakānaṃ khandhānaṃ cittasamuṭṭhānānañca rūpānaṃ āhārapaccayena paccayo.

ကုသိုလ်စိတ်နှင့် ယှဉ်သည့် ဖဿ       ၊ စေတနာ၊ ဝိညာဏ်ဟူသော နာမ်အာဟာရသုံးပါး ပစ္စည်းတရား တို့သည် အတူယှဉ်၍ဖြစ်ကုန်သော စိတ် စေတသိက် နာမ်ခန္ဓာတို့အားလည်းကောင်း စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

ကံ၊ စိတ်၊ ဥတု၊ အာဟာရ

(စ-၁)   လူ၏ခန္ဓာကိုယ်ကို ၁-ကမ္မဇရုပ်၊ ၂-စိတ္တဇရုပ်၊ ၃-ဥတုဇရုပ်နှင့် ၄-အာဟာရဇရုပ်တို့ဖြင့် ဖွဲ့စည်းထား၏။(ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ပင် ဖြစ်၏)

(စ-၂)   ကံ၊ စိတ်၊ ဥတု၊ အာဟာရ ၄-ပါး အနက်  ကံက စေတနာအာဟာရဖြစ်သည်။ စိတ်က ဝိညာဏအာဟာရ ဖြစ်သည်။ အာဟာရက ရုပ်အာဟာရပင် ဖြစ်သည်။ ဥတုကြောင့်ဖြစ်သည့် ရုပ်ကလည်း ပဋိသန္ဓေကမ္မဇရုပ်နှင့် တပြိုင်တည်း ဖြစ်လာပါသည်။

(စ-၃)   ဤ ကံ စိတ် ဥတု အာဟာရတို့၏ ထောက်ပံ့မှုကြောင့်ပင် သာမာန်မျက်စိဖြင့် ကြည့်၍ပင် မမြင်နိုင်လောက် သည့် ကလလရေကြည်မှသည် ကိုယ်ကောင်ကြီးအဖြစ်ဖြင့် အဆင့်ဆင့် ကြီးထွားလာခြင်း ဖြစ်သည်။

 

အဇ္ဈတ္တသြဇာ၏ အထောက်အပံ့

(ဆ-၁) ကမ္မရုပ်အာဟာရအားကြီးသော အချို့ နတ်၊ ပြိတ္တာ၊ ငရဲသားတို့သည် အဆီသြဇာအတွက် အစာအာဟာရစား သုံးရန် မလိုအပ်ဘဲ အဇ္ဈတ္တသြဇာက ထောက်ပံ့ထားသောကြောင့် ကာလရှည်ကြာစွာ တည်တံ့နိုင်ကြ၏။

(ဆ-၂) အမိဝမ်းတွင်းရှိ သူငယ်သည်လည်း အမိ၏အာဟာရမပြန့်နှံ့သေးမီ ရက်သတ္တတစ်ပတ်၊ နှစ်ပတ်ခန့်အတွင်း တိဇရုပ်ရှိ သြဇာက ထောက်ပံ့ထားသည်။ ကာမာဝစရနတ်များသည် ဥပပတ္တိပဋိသန္ဓေအားဖြင့် နတ်ဖြစ်စ နတ်သြဇာကို မမှီဝဲရမီလည်း တိဇရုပ်ရှိ သြဇာကပင် ထောက်ပံ့ထား၏။

ကဗဠီကာရ အာဟာရ

(ဇ-၁)   ဤဘဝကို ပဋိသန္ဓေဝိညာဏ် မှစတင်ခဲ့ခြင်းဖြစ်သည်။တစ်ဘဝတာ အသက်ရှင်ရေးကို ရုပ်အာဟာရတစ်ပါးက ထောက်ပံ့သည်။

(ဇ-၂)   နာမ်အာဟာရသုံးပါးကမူ တစ်ဘဝပြီး၊ တစ်ဘ၀ သံသရာခရီးရှည်မဆုံးမချင်း စဉ်ဆက်မပြတ် ရှင်သန်ရေးကို ကျေးဇူးပြုနေပါသည်။

 

အကုသလော ဓမ္မော အကုသလဿ        ဓမ္မဿ        အာဟာရပစ္စယေန ပစ္စယော။ (အကု၊ အကု-၁)

Akusalo  dhammo akusalassa dhammassa āhārapaccayena paccayo.

အကုသိုလ်တရားသည် အကုသိုလ်တရားအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

အကုသလာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ အာဟာရပစ္စယေန ပစ္စယော။

Akusalā āhārā sampayuttakānaṃ khandhānaṃ āhārapaccayena paccayo.

အကုသိုလ်စိတ်နှင့် ယှဉ်သည့် ဖဿ      ၊ စေတနာ၊ ဝိညာဏ်ဟူသော နာမ်အာဟာရသုံးပါး ပစ္စည်း တရားတို့သည် အတူယှဉ်၍ဖြစ်ကုန်သော စိတ်  စေတသိက် နာမ်ခန္ဓာတို့အား အာဟာရပစ္စယ   သတ္တိဖြင့် ကျေးဇူးပြု၏။

 

အကုသလော ဓမ္မော အဗျာကတဿ       ဓမ္မဿ       အာဟာရပစ္စယေန ပစ္စယော။ (အကု၊ ဗျာ-၂)

Akusalo dhammo abyākatassa dhammassa āhārapaccayena paccayo.

အကုသိုလ်တရားသည် အဗျာကတတရားအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

အကုသလာ အာဟာရာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အာဟာရပစ္စယေန  ပစ္စယော။

Akusalā āhārā cittasamuṭṭhānānaṃ rūpānaṃ āhārapaccayena  paccayo.

အကုသိုလ်စိတ်နှင့် ယှဉ်သည့် ဖဿ       ၊ စေတနာ၊ ဝိညာဏ်ဟူသော နာမ်အာဟာရသုံးပါး ပစ္စည်း တရားတို့သည် စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

(ဇ-၃)   ရုပ်အာဟာရဖြစ်သော အစားအသောက်များကြောင့် ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ် အာဟာရဇရုပ်များ အင်အား တောင့်တင်းခိုင်မာလာသည်ကို သိသာနိုင်ပေ၏။

(ဇ-၄)   နာမ်အာဟာရဖြစ်သည့် ဖဿ  ၊ ဝေဒနာ၊ ဝိညာဏ်တို့၌လည်း အာရုံခြောက်ပါး တစ်ပါးပါး ဖဿ       ‌ကြောင့် တွေ့ထိလာပြီး၊ ကောင်းကောင်းဆိုးဆိုး အာရုံအရသာကို ဝေဒနာက ခံစားသည်။ ဖဿ       အာဟာရ၏ လှုံဆော် ပေးခြင်းကြောင့် တဏှာကြီးပွားကာ သတ္တဝါများ သံသရာကို ပျော်ပျော်ကြီး ကျင်လည်နေခြင်းကပင် နာမ်အာဟာရကြောင့်ပေတည်း။

 218 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *