ကုသလာ ေဟတူ ( kusalā hetū)

 

( က ) ကုသိုလ္ေရေသာက္ျမစ္ျဖစ္သည့္ အေလာဘ၊ အေဒါသ၊ အေမာဟတြင္ စြန္႔လႊတ္ႏိုင္စြမ္းသည့္ အေလာဘ ေရေသာက္ျမစ္၊ ခြင့္လႊတ္ႏိုင္စြမ္းသည့္ အေဒါသ ေမတၱာေရေသာက္ျမစ္ႏွင့္ သံုးသပ္ ဆံုးျဖတ္ႏိုင္စြမ္းသည့္ အေမာဟေရေသာက္ျမစ္ တို႔က အျမတ္စား အေကာင္းစား ေရေသာက္ျမစ္မ်ား ျဖစ္၏။

( ခ ) ေျမႀကီးတူတူ ေရေသာက္ျမစ္က စုပ္ယူပံု မတူညီေသာေၾကာင့္ ခ်ဳိ ခ်ဥ္ ခါး ဖန္ အသီးသီး ကဲြျပားျခားနား ေနျခင္း ျဖစ္ပါသည္။

( ဂ ) ထို႔အတူ ေလာကအာ႐ံု ၆-ပါးကလည္း မည္သူ႔အတြက္ အကုသိုလ္ျဖစ္ေစ၊ မည္သူ႔အတြက္ ကုသိုလ္ျဖစ္ေစဟူ၍ မရွိပါ။ မိမိတို႔၏ အႏုသယဓါတ္ခံႏွင့္ ပါရမီဓါတ္ခံအေပၚ၌သာ မူတည္သည္။

( ဃ ) ဤတြင္ ေယာနိေသာမနသိကာရ အားေကာင္းသူတို႔၏သႏၲာန္၌ အေလာဘ၊ အေဒါသ၊ အေမာဟဟူေသာ ေကာင္းမြန္သည့္ ေရေသာက္ျမစ္အားႀကီးလာမည္၊ အေယာနိေသာမနသိကာရ အားေကာင္းသူတို႔၏ သႏၲာန္၌ ေလာဘ၊ ေဒါသ၊ ေမာဟဟူေသာ မေကာင္းသည့္ ေရေသာက္ျမစ္တို႔ အားႀကီးမည္ဟု အ႒ကထာ၌ လာရွိ ပါသည္။

( င ) ျမတ္စြာဘုရားရွင္က အေလာဘ ေပးကမ္းစြန္႔ႀကဲျခင္း၊ အေဒါသ ေမတၱာတရားပြားမ်ားျခင္း၊ အေမာဟ အသိ၊ အလိမၼာဉာဏ္၊ ပညာတို႔ ျဖစ္ထြန္းေပၚေပါက္လာေစရန္အတြက္ {{မာ ဘိကၡေ၀ ပုညာနံ ဘာယိတၳ}} အေလာဘ၊ အေဒါသ၊ အေမာဟျပ႒ာန္းသည့္ ကုသိုလ္ေကာင္းမႈျပဳေရး၌ မေၾကာက္မရြံ႕ရန္ တိုက္တြန္းေတာ္မူၿပီး {{ပုညံ ဘာယေတာ သုခံ ဘာယတိ}} ကုသိုလ္ေကာင္းမႈျပဳရန္ ေၾကာက္ရြံ႕ေသာသူ၏အထံသို႔ သုခ ခ်မ္းသာအမ်ဳိးမ်ဳိး လာေရာက္ရန္လည္း ေၾကာက္ရြ႕ံေနမည္ဟု ေဟာၾကားေတာ္မူပါသည္။

 

ဘုရားအေလာင္းေတာ္ ခႏၲီ၀ါဒီရေသ့၏ အားႀကီးသည့္ ကုသလေဟတုေရေသာက္ျမစ္

ဗာရာဏသီျပည္တြင္ ေဒ၀ဒတ္အေလာင္း ကလာဗုမင္း အုပ္ခ်ဳပ္စဥ္အခါကာလ ဘုရားအေလာင္းေတာ္သည္ ကုေဋရွစ္ဆယ္ ၾကြယ္၀ေသာ ပုဏၰားမ်ဳိး၌ ျဖစ္ပါသည္။ မိဘမ်ားကြယ္လြန္ေသာအခါ စည္းစိမ္ဥစၥာတို႔ကို စြန္႔လႊတ္လွဴဒါန္း၍ ဟိမ၀ႏၲာေတာသို႔ ၀င္ကာ ရေသ့ရဟန္း ျပဳေတာ္မူပါသည္။ သစ္သီးမ်ားျဖင့္ ရွည္ၾကာကာလ မွ်တစြာေနၿပီး ခ်ဥ္၊ ဆားမွီ၀ဲရန္အလို႔ငွါ ဗာရာဏသီျပည္သို႔ ၾကြေတာ္မူရာ စစ္သူႀကီးက ၾကည္ညိဳသျဖင့္ ရေသ့ကို ဆြမ္းလုပ္ေကြၽး၍ မင္းဥယ်ာဥ္အတြင္း၌ ကိုးကြယ္ထား၏။ တစ္ေန႔ေသာအခါ ကလာဗုမင္းသည္ သုရာယစ္လ်က္ ကေခ်သည္ေမာင္းမ အေျခြအရံမ်ားႏွင့္အတူ ဥယ်ာဥ္ကစားထြက္လာသည္။ မင္းႀကီး အိပ္ေပ်ာ္ေနစဥ္ အေျခြအရံမ်ားက ခႏၲီ၀ါဒီရေသ့ထံ သြား၍ တရားနာယူေန၏။ မင္းႀကီး ႏိုးလာေသာအခါ ေမာင္းမေျခြအရံမ်ားကို မေတြ႕သျဖင့္ လိုက္ရွာရာ ရေသ့ထံေတာ္ပါး၌ တရားနာေနသည္ကို ေတြ႕သျဖင့္ အမ်က္ေဒါသ ေခ်ာင္းေခ်ာင္းထြက္ကာ ရေသ့အား {{သင္သည္ အဘယ္၀ါဒ ရွိသနည္း}}ဟု ေမး၏။ ခႏၲီ၀ါဒီရွိ၏ဟု ေျဖၾကားေတာ္မူရာ ခႏၲီ၀ါဒီရွိ မရွိ စမ္းသပ္မည္ဟုဆိုကာ   သူသတ္ေယာက်္ားကိုေခၚ၍ ဘုရားေလာင္း ေတာ္၏ လက္၊ ေျခ၊ အသား၊ အေရ၊ နားရြက္၊ ႏွာေခါင္းတုိ႔ကို ျဖတ္ေစသည္။ ထို႔ေနာက္ ဘုရားေလာင္းေတာ္၏ရင္ကို ေျချဖင့္ကန္ေက်ာက္္ၿပီး ဥယ်ာဥ္မွ ထြက္ခြာသြား၏။

ထိုအခါ အရွင္သာရိပုတၱရာေလာင္း စစ္သူႀကီးေရာက္လာၿပီး ဘုရားေလာင္းေတာ္ ရေသ့အား {{အရွင္ဘုရားကို ႏွိပ္စက္ခဲ့သည့္ ဘုရင္ကိုသာ အမ်က္ထြက္ေတာ္မူပါ ဘုရား၊ တိုင္းျပည္ကို အမ်က္ထြက္ေတာ္မမူပါႏွင့္ဘုရား}}ဟု ေလွ်ာက္ထားရာ ဘုရား ေလာင္းေတာ္ရေသ့က {{ငါ၏ လက္၊ ေျခ၊ အသား၊ အေရ၊ နားရြက္၊ ႏွာေခါင္းတုိ႔ကို ျဖတ္ခဲ့တဲ့ ဘုရင္မင္းႀကီး အသက္ရွည္ပါေစသတည္း၊ ပညာရွိတို႔မည္သည္ အမ်က္ ေဒါသ မထြက္ကုန္သည္သာလွ်င္တည္း}}ဟု မိန္႔ၾကားေတာ္မူ၏။ ေဒ၀ဒတ္ေလာင္း ကလာဗုမင္း ဥယ်ာဥ္တံခါးသို႔ ေရာက္ေသာအခါ ေျမမ်ဳိခံ ခဲ့ရသည္။

ေဒ၀ဒတ္ေလာင္း၏သႏၲာန္၌ ရြဲကုန္သည္ဘ၀က စတင္ခဲ့သည့္ ရန္ညႇိဳးေဒါသဟိတ္ ေၾကာင့္ ဆင္ျခင္ဉာဏ္ကင္းမဲ့စြာ  ခႏၲီ၀ါဒီရေသ့ကိုလည္းေကာင္း၊ သူ၏အသက္ကို ကယ္တင္ေပးခဲ့သည့္ ဘုရားေလာင္းေတာ္ ေမ်ာက္မင္းကိုလည္းေကာင္း ႏွိပ္စက္ခဲ့ သျဖင့္ ႏွစ္ႀကိမ္တိုင္တိုင္ ေျမမ်ဳိခံရ၏။ ထိုေဒါသေဟတု ေရေသာက္ျမစ္၏ စြမ္းပကားက ဤမွ်ျဖင့္ မရပ္တန္႔ေသးဘဲ ဘုရားရွင္သီတင္းသံုးေတာ္မူရာ ေဇတ၀န္ေက်ာင္းေရွ႕ရွိ ေရကန္အနီး၌ တစ္ႀကိမ္ စုစုေပါင္းသံုးႀကိမ္တိုင္တိုင္ ေျမမ်ဳိခဲ့ပါသည္။ ဘုရားေလာင္း ေတာ္၏သႏၲာန္၌ ရွင္သန္ေနသည့္ အေဒါသေရေသာက္ျမစ္၏ သတိၱသည္ကား အံ့ဖြယ္ေပတည္း၊ မိမိ၏ လက္၊ ေျခ၊ အသား၊ အေရ၊ နားရြက္၊ ႏွာေခါင္းတို႔ကို ရက္စက္စြာ ျဖတ္ေတာက္ကာႏွိပ္စက္႐ံုမက ရင္၀ကို ေျချဖင့္ကန္ေက်ာက္ခဲ့သည့္ ကလာဗုမင္းကို {{အသက္ရွည္ပါေစသတည္း}}ဟု ဆုမြန္ေကာင္း ေတာင္းေပးႏိုင္စြမ္း သည့္အထိ ခႏၲီအား၊ ေမတၱာတရားႀကီးမားသည့္ ကုသလေဟတု၏ သတၱိကား အံ့ဖြယ္ရွိေပစြ။           ။     (ဇာတကအ႒ကထာအတဲြ-၃၊ ႏွာ-၃၇ ခႏၲီ၀ါဒီဇာတ္ေတာ္)

 

ကုသေလာ ဓေမၼာ အဗ်ာကတႆ        ဓမၼႆ        ေဟတုပစၥေယန ပစၥေယာ။ (ကု၊ ဗ်ာ-၂)

ကုသိုလ္တရားသည္ အဗ်ာကတတရားအား ေဟတုပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။

 

ကုသလာ ေဟတူ စိတၱသမု႒ာနာနံ ႐ူပါနံ ေဟတုပစၥေယန ပစၥေယာ။

ကုသိုလ္ဟိတ္တစ္ပါးပါးသည္ စိတ္ေၾကာင့္ျဖစ္ေသာ စိတၱဇ႐ုပ္တို႔အား ေဟတုပစၥယ သတၱိျဖင့္ ေက်းဇူးျပဳ၏။

 

ကုသေလာ ဓေမၼာ ကုသလႆ         စ      အဗ်ာကတႆ        စ     ဓမၼႆ        ေဟတုပစၥေယန ပစၥေယာ။

(ကု၊ ကု၊ ဗ်ာ-၃)

ကုသိုလ္တရားသည္ ကုသိုလ္တရားအားလည္းေကာင္း၊ အဗ်ာကတတရားအား လည္းေကာင္း ေဟတုပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။

 

ကုသလာ ေဟတူ သမၸယုတၱကာနံ ခႏၶာနံ စိတၱသမု႒ာနာနဥၥ ႐ူပါနံ ေဟတုပစၥေယန ပစၥေယာ။

အေလာဘ၊ အေဒါသ၊ အေမာဟ ဟူေသာ ကုသိုလ္ဟိတ္ တစ္ပါးပါးသည္ အတူယွဥ္ျဖစ္ေသာ ေ၀ဒနာကၡႏၶာç သညာကၡႏၶာç သခၤါရကၡႏၶာႏွင့္ ၀ိညာဏကၡႏၶာဟူေသာ  နာမ္ခႏၶာတို႔အားလည္းေကာင္း၊ စိတ္ေၾကာင့္ျဖစ္ေသာ စိတၱဇ႐ုပ္တို႔အားလည္းေကာင္း ေဟတုပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။

 

၄၀၂။ အကုသေလာ ဓေမၼာ အကုသလႆ       ဓမၼႆ ေ     ဟတုပစၥေယန ပစၥေယာ။ (အကု၊ အကု-၁)

အကုသိုလ္တရားသည္ အကုသိုလ္တရားအား ေဟတုပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။

 

အကုသလာ ေဟတူ သမၸယုတၱကာနံ ခႏၶာနံ ေဟတုပစၥေယန ပစၥေယာ။

ေလာဘ၊ ေဒါသ၊ ေမာဟဟူေသာ အကုသိုလ္ ဟိတ္တစ္ပါးပါးသည္ အတူယွဥ္ျဖစ္ေသာ ေ၀ဒနာကၡႏၶာ၊ သညာကၡႏၶာ၊ သခၤါရကၡႏၶာႏွင့္ ၀ိညာဏကၡႏၶာဟူေသာ နာမ္ခႏၶာတို႔အား ေဟတုပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။

 

ကုသလာ ဟေတူ ( kusalā hetū)  Pyidaungsu – Unicode 

( က ) ကုသိုလ်ရေသောက်မြစ်ဖြစ်သည့် အလောဘ၊ အဒေါသ၊ အမောဟတွင် စွန့်လွှတ်နိုင်စွမ်းသည့် အလောဘ ရေသောက်မြစ်၊ ခွင့်လွှတ်နိုင်စွမ်းသည့် အဒေါသ မေတ္တာရေသောက်မြစ်နှင့် သုံးသပ် ဆုံးဖြတ်နိုင်စွမ်းသည့် အမောဟရေသောက်မြစ် တို့က အမြတ်စား အကောင်းစား ရေသောက်မြစ်များ ဖြစ်၏။

( ခ ) မြေကြီးတူတူ ရေသောက်မြစ်က စုပ်ယူပုံ မတူညီသောကြောင့် ချို ချဉ် ခါး ဖန် အသီးသီး ကွဲပြားခြားနား နေခြင်း ဖြစ်ပါသည်။

( ဂ ) ထို့အတူ လောကအာရုံ ၆-ပါးကလည်း မည်သူ့အတွက် အကုသိုလ်ဖြစ်စေ၊ မည်သူ့အတွက် ကုသိုလ်ဖြစ်စေဟူ၍ မရှိပါ။ မိမိတို့၏ အနုသယဓါတ်ခံနှင့် ပါရမီဓါတ်ခံအပေါ်၌သာ မူတည်သည်။

( ဃ ) ဤတွင် ယောနိသောမနသိကာရ အားကောင်းသူတို့၏သန္တာန်၌ အလောဘ၊ အဒေါသ၊ အမောဟဟူသော ကောင်းမွန်သည့် ရေသောက်မြစ်အားကြီးလာမည်၊ အယောနိသောမနသိကာရ အားကောင်းသူတို့၏ သန္တာန်၌ လောဘ၊ ဒေါသ၊ မောဟဟူသော မကောင်းသည့် ရေသောက်မြစ်တို့ အားကြီးမည်ဟု အဋ္ဌကထာ၌ လာရှိ ပါသည်။

( င ) မြတ်စွာဘုရားရှင်က အလောဘ ပေးကမ်းစွန့်ကြဲခြင်း၊ အဒေါသ မေတ္တာတရားပွားများခြင်း၊ အမောဟ အသိ၊ အလိမ္မာဉာဏ်၊ ပညာတို့ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်အတွက် {{မာ ဘိက္ခေ၀ ပုညာနံ ဘာယိတ္ထ}} အလောဘ၊ အဒေါသ၊ အမောဟပြဋ္ဌာန်းသည့် ကုသိုလ်ကောင်းမှုပြုရေး၌ မကြောက်မရွံ့ရန် တိုက်တွန်းတော်မူပြီး {{ပုညံ ဘာယတော သုခံ ဘာယတိ}} ကုသိုလ်ကောင်းမှုပြုရန် ကြောက်ရွံ့သောသူ၏အထံသို့ သုခ ချမ်းသာအမျိုးမျိုး လာရောက်ရန်လည်း ကြောက်ရွံ့နေမည်ဟု ဟောကြားတော်မူပါသည်။

 

ဘုရားအလောင်းတော် ခန္တီဝါဒီရသေ့၏ အားကြီးသည့် ကုသလဟေတုရေသောက်မြစ်

ဗာရာဏသီပြည်တွင် ဒေဝဒတ်အလောင်း ကလာဗုမင်း အုပ်ချုပ်စဉ်အခါကာလ ဘုရားအလောင်းတော်သည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်ပါသည်။ မိဘများကွယ်လွန်သောအခါ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်လှူဒါန်း၍ ဟိမဝန္တာတောသို့ ဝင်ကာ ရသေ့ရဟန်း ပြုတော်မူပါသည်။ သစ်သီးများဖြင့် ရှည်ကြာကာလ မျှတစွာနေပြီး ချဉ်၊ ဆားမှီဝဲရန်အလို့ငှါ ဗာရာဏသီပြည်သို့ ကြွတော်မူရာ စစ်သူကြီးက ကြည်ညိုသဖြင့် ရသေ့ကို ဆွမ်းလုပ်ကျွေး၍ မင်းဥယျာဉ်အတွင်း၌ ကိုးကွယ်ထား၏။ တစ်နေ့သောအခါ ကလာဗုမင်းသည် သုရာယစ်လျက် ကချေသည်မောင်းမ အခြွေအရံများနှင့်အတူ ဥယျာဉ်ကစားထွက်လာသည်။ မင်းကြီး အိပ်ပျော်နေစဉ် အခြွေအရံများက ခန္တီဝါဒီရသေ့ထံ သွား၍ တရားနာယူနေ၏။ မင်းကြီး နိုးလာသောအခါ မောင်းမခြွေအရံများကို မတွေ့သဖြင့် လိုက်ရှာရာ ရသေ့ထံတော်ပါး၌ တရားနာနေသည်ကို တွေ့သဖြင့် အမျက်ဒေါသ ချောင်းချောင်းထွက်ကာ ရသေ့အား {{သင်သည် အဘယ်ဝါဒ ရှိသနည်း}}ဟု မေး၏။ ခန္တီဝါဒီရှိ၏ဟု ဖြေကြားတော်မူရာ ခန္တီဝါဒီရှိ မရှိ စမ်းသပ်မည်ဟုဆိုကာ သူသတ်ယောကျ်ားကိုခေါ်၍ ဘုရားလောင်း တော်၏ လက်၊ ခြေ၊ အသား၊ အရေ၊ နားရွက်၊ နှာခေါင်းတို့ကို ဖြတ်စေသည်။ ထို့နောက် ဘုရားလောင်းတော်၏ရင်ကို ခြေဖြင့်ကန်ကျောက်ပြီး ဥယျာဉ်မှ ထွက်ခွာသွား၏။

ထိုအခါ အရှင်သာရိပုတ္တရာလောင်း စစ်သူကြီးရောက်လာပြီး ဘုရားလောင်းတော် ရသေ့အား {{အရှင်ဘုရားကို နှိပ်စက်ခဲ့သည့် ဘုရင်ကိုသာ အမျက်ထွက်တော်မူပါ ဘုရား၊ တိုင်းပြည်ကို အမျက်ထွက်တော်မမူပါနှင့်ဘုရား}}ဟု လျှောက်ထားရာ ဘုရား လောင်းတော်ရသေ့က {{ငါ၏ လက်၊ ခြေ၊ အသား၊ အရေ၊ နားရွက်၊ နှာခေါင်းတို့ကို ဖြတ်ခဲ့တဲ့ ဘုရင်မင်းကြီး အသက်ရှည်ပါစေသတည်း၊ ပညာရှိတို့မည်သည် အမျက် ဒေါသ မထွက်ကုန်သည်သာလျှင်တည်း}}ဟု မိန့်ကြားတော်မူ၏။ ဒေဝဒတ်လောင်း ကလာဗုမင်း ဥယျာဉ်တံခါးသို့ ရောက်သောအခါ မြေမျိုခံ ခဲ့ရသည်။

ဒေဝဒတ်လောင်း၏သန္တာန်၌ ရွဲကုန်သည်ဘဝက စတင်ခဲ့သည့် ရန်ညှိုးဒေါသဟိတ် ကြောင့် ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ ခန္တီဝါဒီရသေ့ကိုလည်းကောင်း၊ သူ၏အသက်ကို ကယ်တင်ပေးခဲ့သည့် ဘုရားလောင်းတော် မျောက်မင်းကိုလည်းကောင်း နှိပ်စက်ခဲ့ သဖြင့် နှစ်ကြိမ်တိုင်တိုင် မြေမျိုခံရ၏။ ထိုဒေါသဟေတု ရေသောက်မြစ်၏ စွမ်းပကားက ဤမျှဖြင့် မရပ်တန့်သေးဘဲ ဘုရားရှင်သီတင်းသုံးတော်မူရာ ဇေတဝန်ကျောင်းရှေ့ရှိ ရေကန်အနီး၌ တစ်ကြိမ် စုစုပေါင်းသုံးကြိမ်တိုင်တိုင် မြေမျိုခဲ့ပါသည်။ ဘုရားလောင်း တော်၏သန္တာန်၌ ရှင်သန်နေသည့် အဒေါသရေသောက်မြစ်၏ သတ္တိသည်ကား အံ့ဖွယ်ပေတည်း၊ မိမိ၏ လက်၊ ခြေ၊ အသား၊ အရေ၊ နားရွက်၊ နှာခေါင်းတို့ကို ရက်စက်စွာ ဖြတ်တောက်ကာနှိပ်စက်ရုံမက ရင်ဝကို ခြေဖြင့်ကန်ကျောက်ခဲ့သည့် ကလာဗုမင်းကို {{အသက်ရှည်ပါစေသတည်း}}ဟု ဆုမွန်ကောင်း တောင်းပေးနိုင်စွမ်း သည့်အထိ ခန္တီအား၊ မေတ္တာတရားကြီးမားသည့် ကုသလဟေတု၏ သတ္တိကား အံ့ဖွယ်ရှိပေစွ။ ။ (ဇာတကအဋ္ဌကထာအတွဲ-၃၊ နှာ-၃၇ ခန္တီဝါဒီဇာတ်တော်)

ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (ကု၊ ဗျာ-၂)

ကုသိုလ်တရားသည် အဗျာကတတရားအား ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

ကုသလာ ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။

ကုသိုလ်ဟိတ်တစ်ပါးပါးသည် စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အား ဟေတုပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။

ကုသလော ဓမ္မော ကုသလဿ စ အဗျာကတဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (ကု၊ ကု၊ ဗျာ-၃)

ကုသိုလ်တရားသည် ကုသိုလ်တရားအားလည်းကောင်း၊ အဗျာကတတရားအား လည်းကောင်း ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

ကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။

အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ကုသိုလ်ဟိတ် တစ်ပါးပါးသည် အတူယှဉ်ဖြစ်သော ဝေဒနာက္ခန္ဓာç သညာက္ခန္ဓာç သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာဟူသော နာမ်ခန္ဓာတို့အားလည်းကောင်း၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

၄၀၂။ အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ေ ဟတုပစ္စယေန ပစ္စယော။ (အကု၊ အကု-၁)

အကုသိုလ်တရားသည် အကုသိုလ်တရားအား ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

အကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။

လောဘ၊ ဒေါသ၊ မောဟဟူသော အကုသိုလ် ဟိတ်တစ်ပါးပါးသည် အတူယှဉ်ဖြစ်သော ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာဟူသော နာမ်ခန္ဓာတို့အား ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

 25 total views,  1 views today

By admin

Leave a Reply

Your email address will not be published.