တပည့်တော်ဘ၀ထဲမှာ စာသင်ရတဲ့အလုပ်ကိုလုပ်တော့ ကလေးတွေအပေါ်မှာ တပည့်တော် တူ သားလို အကောင်းဆုံးစိတ်ထားပြီး သင်ကြားပါတယ်ဘုရား။ တကယ်လို့ ကိုယ့်ဘာသာ လျော့လာပြီလို့ ထင်ရရင်လည်း “ကိုယ်လုပ်တဲ့လုပ်ရပ်ဟာ အကောင်းဆုံးစိတ်ထားနဲ့ အကောင်းဆုံးအရည်အချင်းကို ဖော်ပြနေတာဖြစ်ရမယ်’’ ဆိုတဲ့အဆုံးအမကို ပြန်ကြားရောင်မိပြီး အကောင်းဆုံးဖြစ်အောင် ပြန်လည် ပြုပြင်ယူပါတယ်ဘုရား။

အရာရာကို ကျေးဇူးတင်တတ်လာခဲ့တာကတော့ ဒီနွေရာသီ ရန်ကင်းတောရက ပြန်လာပြီး ကတည်းကပါဘုရား။ တကည့်တော်တာဝန်ကျတဲ့နေရာက အရမ်းဝေးလို့ အရင်က စိတ်ဆင်းရဲခဲ့တယ်ဘုရား။ ခုတော့ အဝေးကြီးမှာ တာဝန်ထမ်းဆောင်ရတာကို ကျေးဇူးတင်မိလာပါတယ်ဘုရား။ အမျိုးမျိုးပြောတတ်တဲ့ လုပ်ဖော်ကိုင်ဖတ်တွေကိုလည်း ကောင်းတဲ့ဟာလေးတွေ ရှိပါသေးတယ်ဆိုပြီး ကျေးဇူးတင်တတ်လာပါပြီ ဘုရား။ တပည့်တော်က မြို့နယ်ရဲ့အစွန်းအဖျားမှာ တာဝန်ကျတာဆိုတော့ ဟိုးအရင်က မြို့နီးနီး  တအား လိုချင်မိတယ်ဘုရား။ အရင်က လိုချင်တဲ့နေရာကို တပည့်တော် ခုတော့ အရမ်းကြီး တန်ဖိုးထားပြီး မလိုချင် တော့ပါဘုရား။ ကံရှိရင် ရလိမ့်မယ်လို့ပဲ မှတ်ယူထားလိုက်တယ်။ ကြိုးစားရမှာကို ကြိုးစားတယ်။ ကြိုးစားတာပြည့်တဲ့အချိန် ရလိမ့်မယ်လို့ပဲ မှတ်ယူထားပါတယ်ဘုရား။ အဆင်မပြေတာတွေ များတဲ့ကြားထဲမှာ ငါဟာ ရန်ကင်းတောင်မှာ ကပ္ပိယပါလားဆိုတဲ့ စိတ်ကလေးတစ်ခုကို သတိရရင်း အဆုံးအမတွေကိုပါ သတိရကာ ဆင်ခြင်နေထိုင်ပါတယ်ဘုရား။

တပည့်တော် ရန်ကင်းတောရကို မရောက်မှီက အိမ်မှာပေါ့ပေါ့နေ အစစအရာရာအိမ်က အကုန် လုပ်ပေးနေတော့ တပည့်တော်စိတ်ထဲမှာ ငါဘာမှလုပ်စရာမလိုဘူး နည်းနည်းပဲ လုပ်။ ကျန်တာအိမ်က အဆုံးထိ လုပ်ပေးမယ်။ လိုချင်တာဆိုလည်း ငါပဲရရမယ်လို့ အတ္တကြီးခဲ့တယ်ဘုရား။ အိမ်က စကားဆိုလည်း နားမထောင်ဘူး အိမ်ဆိုလည်းအမြဲ အပြစ်ပြောတယ်ဘုရား။ အားကိုစရာဆိုလည်း အိမ်တစ်ခုပဲ ရှိခဲ့တယ်ဘုရား။ ခုချိန်မှာဆိုရင် ရန်ကင်းတောရဟာ တပည့်တော်အတွက် အားကိုးစရာ ဖြစ်လာပြီး စိတ်ထဲ မှာလည်း ကိုယ်လုပ်မှ ကိုယ်ရမယ်၊ လုပ်ရင်လည်း အကောင်းဆုံး လုပ်ရမယ်။ အများဘက်ကို မျက်နှာမူရမည် အမြဲ နှိမ့်ချ ဆက်ဆံရမယ်ဆိုတဲ့ စိတ်ထားတွေ ရရှိခဲ့ပြီး လူကြီး မိဘစကားလည်း နားထောင်တတ်လာပါတယ် ဘုရား။ ဆိုဆုံးမရ လွယ်ကူတဲ့လူလည်း ဖြစ်ချင်လာမိပါတယ်ဘုရား။

ကျောင်းဆရာကိုနေလင်းထွန်း B.Sc (che;)

မကွေးမြို့

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

ကပ္ပိယရင်တွင်းစကားသံ
Dhamma Training Center

 

 

 699 total views,  3 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *